ရဟန်းရှင်လူ ပြည်သူတွေက တောင်းဆိုနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရဟန်းရှင်လူ ပြည်သူတွေက တောင်းဆိုနေပြီ



ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလမှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီ ဦးဆောင်သူတချို့က CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး အစိုးရယန္တရားပျက်ပြားစေရန် နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သူပုန်အဖွဲ့များနဲ့ ပူးပေါင်းပြီး အကြမ်းဖက်လှုပ်ရှားမှုကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နဲ့အတူ KNU, KNLA, KIA, KNPP, KNDF, CDF အစရှိသော သူပုန်အဖွဲ့များက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပြီး သံဃာတော်များ၊ ဆရာ/ဆရာမများပါမချန် ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်ပြခဲ့ကြပါတယ်။ ပေါ်ပေါ်ထင်ထင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့တွေက ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင် ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့အပေါ် အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ တပ်မတော်က ဘယ်တော့များမှ ရှင်းလင်းမလဲလို့ လည်တမော့မော့နဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။ တပ်မတော်က မရှင်းပါဘူး။ အကြမ်းဖက်အဖွဲ့များကသာ နေ့စဉ်နေ့တိုင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ဒလန်၊ ပျူစောထီး၊ စစ်ခွေး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်ဖြတ်ခဲ့ကြပါတယ်။

အချို့သော ဝန်ထမ်းများကလည်း ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေ လှုံ့ဆော်မှုကို နားယောင်ပြီး CDM လုပ်သွားခဲ့ကြပါတယ်။ တချို့ကြတော့လည်း CDM မလုပ်ပါဘူး။ ဖရဲသီးများအဖြစ်နဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများထံ သတင်းစောင်းကြပါတယ်။ အတွင်းသတင်းတွေကို ပြည်ဖျက်မီဒီယာများထံ ပေးပို့ပြီး ကိုယ်ကျိုးရှာကြပါတယ်။ ဒီထက်ဆိုးတဲ့ အခြေအနေတစ်ရပ်က နစကအစိုးရလက်အောက်မှာတော့ တာဝန်ထမ်းဆောင်နေပါရဲ့ အပြစ်မဲ့ သံဃာတော်များ၊ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိပါသော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ငွေယူပြီး လွှတ်ပေးသည်အထိ နစကအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားဟာ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလို ကိစ္စရပ်တွေအပေါ် တင်ပြတိုင်ကြားလို့လည်း အရေးယူဆောင်ရွက်သူ မရှိ။ မလျော်ကန်တဲ့ လုပ်ရပ်တွေနဲ့ ကိုယ်ကျိုးရှာနေသူတွေကို ရာထူးတိုးပေးတာမျိုးတွေအထိ မြင်တွေ့ရတဲ့အခါ နစကအစိုးရ အကြီးအကဲများအပေါ်မှာပါ ပြည်သူများက သံသယဝင်လာကြပါတယ်။

နစကအစိုးရဲ့ အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သူပုန်များက NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး စစ်မျက်နှာပေါင်းစုံက တိုက်ခိုက်လာကြပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နဲ့အတူ KNU, KNLA, KIA, KNPP, KNDF, CDF အစရှိသော သူပုန်အဖွဲ့များကတိုက်ခိုက်နေတဲ့ အချိန်မှာ မြောက်ပိုင်းမဟာမိတ်အမည်ခံထားတဲ့ MNDAA, TNLA, AA သူပုန်အဖွဲ့တွေကလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့မှာ (၁၀၂၇)စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် သူပုန်အဖွဲ့က တရုတ်နိုင်ငံထုတ် ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုး ရှိသလို တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်စီးတာမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တပ်မတော်တပ်စခန်းတွေ စွန့်ခွါပေးခဲ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ်သူပုန်အဖွဲ့ဟာ နောင်ချိုမြို့နေစပြီး ဆက်သွယ်ရေးဖြတ်တောက်ခဲ့ပါတယ်။ လမ်းတွေကို ဖျက်ဆီးတယ်။ တံတားတွေကို မိုင်းခွဲဖျက်ဆီးတယ်။ နောင်ချိုကနေ မူဆယ်အထိ သွားစရာ လမ်းမရှိအောင်ကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နောင်ချိုအနီးဝန်းကျင်းက လမ်းပိုင်းမှာ TNLA အကြမ်းဖက်သူပုန်ကို နှိမ်နင်းရင်း ပြုပြင်ပေးသွားခဲ့ပေမယ့် တံတားများကိုတော့ အလွယ်တကူ ပြုပြင်လို့ မရခဲ့ပါဘူး။ 

TNLA, AA, PDF ပူးပေါင်းအဖွဲ့များဟာ လမ်းတံတားများကို ဖျက်ဆီးရုံမျှမက လျှပ်စစ်ဓာတ်အားပေးရုံတွေကိုပါ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ပါတယ်။

ယခုအချိန်မှာ မြောက်ပိုင်းမဟာမိတ်ထဲ မရှိတော့တဲ့ KIA ကလည်း မီးရထားလမ်းတွေကို ဖျက်ဆီး၊ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်လုပ်ဆောင်လာတဲ့အတွက် သွားရောက်ခြေမှုန်းရပါသေးတယ်။ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကို အခွင့်ကောင်းယူပြီး AA က ရခိုင်ပြည်နယ်ဘက်မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာသလို KNU, KNLA, PDF တွေက ကော့ကရိတ်မြို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တပြိုင်နက် လုပ်ဆောင်ခဲ့ကြပါတယ်။

တိုင်းဖျက် ပြည်ဖျက် လုပ်နေကြတဲ့ သူပုန်တွေ ညီညွတ်လိုက်ပုံများ နိုင်ငံအဝှမ်းမှာ စစ်မီးတောက်လောက်အောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ ရှေ့တန်းစစ်မျက်နှာများမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့များအနေနဲ့ အကြမ်းဖက်သူပုန်တွေကို ပြတ်ပြတ်သားသား နှိမ်နင်းနိုင်တဲ့ အခြေအနေမျိုး ရှိသလားဆိုရင် မရှိပါဘူး။ ခံစစစ်၊ ခွါစစ်ဆိုတာတွေပဲ ကြားနေရပါတယ်။ ဒါတွေက ရှေ့တန်းစစ်မျက်နှာက တပ်မတော်သားတွေရဲ့ အပြစ်မဟုတ်ပါဘူး။ စစ်ရေးဆိုင်ရာ စီမံကွပ်ကဲသူတွေရဲ့ လမ်းညွှန်ချက်အတိုင်း သူတို့လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အများပြည်သူ သတိမပြုမိတဲ့ အချက်တစ်ခုကို ထည့်သွင်းတင်ပြရရင် သူပုန်တွေနဲ့ တပ်မတော်အရာရှိတွေကြားမှာ အပေးအယူရှိတယ်။ ယခင်က သူပုန်နယ်မြေတွေမှာ တပ်မတော်က စစ်ကြောင်းထိုးရင် သူပုန်တွေက စစ်ကြောင်းမှူးထံ ဆက်သားလွှတ်ပြီး ငွေကို အထုပ်လိုက်ပေးတယ်ဆိုတဲ့ သတင်းစကားတွေ ကြားသိခဲ့ရဖူးပါတယ်။ သူပုန်နဲ့ ဆက်စပ်သူတွေဆီကလည်း ဒီစကားမျိုးကြားခဲ့ရဖူးသလို တပ်မတော်သားဟောင်းတွေကလည်း ပြောပြဖူးပါတယ်။ အဲဒါတွေကို တပ်မတော်သားတွေ က မယူပါဘူး။ အရာရှိဆိုသူများက ပေးလည်း မပေးပါဘူး။ သူပုန်က ပေးတဲ့ ငွေကို တပ်မတော်အရာရှိများကသာ သူတစ်ယောက်တည်းအတွက် စားတာဖြစ်ပါတယ်။ ပြီးခဲ့တာတွေအတွက် ဘာမှမတတ်နိုင်ပါဘူး။ ယခုကာလမှာ ပေါ့လျော့မှုတွေ မြင်တွေ့နေရခြင်း အရင်လို အခြေအနေမျိုးပဲ တွက်ဆပြီး လုပ်မှား ကိုင်မှားတွေ များနေခြင်းကြောင့် ရဟန်းရှင်လူ ပြည်သူလူထုမှာ အကြမ်းဖက်သမားများ ပြုသမျှ နုနေရတဲ့ အခြေအနေမျိုးလို့ တွက်ဆမိပါတယ်။

အဲဒီလို ကိုယ်ကျိုးသာကြည့်တဲ့ အရာရှိတွေ လက်အောက်မှာ တာဝန်ထမ်းဆောင်ချင်စိတ်မရှိဘဲ ထွက်ကုန်တဲ့ တပ်မတော်သားတွေနဲ့လည်း တွေ့ခဲ့ရဖူးပါတယ်။ ယခုကာလမှာ အဲဒီလို တွက်ပြီး ပေါ့ဆမှုတွေကြောင့်လည်း တပ်မတော်သားတွေမှာ မဆုတ်ပေးချင်ဘဲ ဆုတ်ခဲ့ရတဲ့ အနေအထားတွေလည်း ရှိနေမယ်လို့ တွက်ဆမိပါတယ်။

ခံစစ်၊ ခွါစစ်နဲ့ လောက်ကိုင်မြို့က တပ်စခန်းတွေ ဆုတ်ခွါပေးလိုက်ရချိန်မှာတော့ လောက်ကိုင်မြို့မှာ နိုင်ငံတော်အလံပျောက်ပြီး အကြမ်းဖက်အလံ လွှင့်ထူခြင်းခံရတယ်။ တပြိုင်နက်ထဲမှာပဲ MNDAA အကြမ်းဖက် သူပုန်အဖွဲ့က ဗမာမနေရဆိုပြီး မောင်းထုတ်တယ်။ ဘုရားစေတီတော်ကို ဖြိုဖျက်၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို ဖျက်ဆီးသည်အထိ လူမျိုးရေး၊ ဘာသာရေးပြဿနာတွေကို ဆက်တိုက်ဆိုသလို ဖန်တီးလာခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံသားတစ်ဦးဟာ မည်သည့်အရပ်ဒေသမှာမဆို လွတ်လပ်စွာ အခြေချနေထိုင်ခွင့် ရှိပါတယ်။ စာလေးမည်ဆိုး၍ အရှည်မတင်ပြတော့ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို MNDAA အကြမ်းဖက် သူပုန်အဖွဲ့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်း ဖြစ်သလို နိုင်ငံသားအများစု ကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာကိုပါ အောက်တန်းကျ ယုတ်မာရိုင်းစိုင်းစွာ စော်ကားတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့ပါတယ်။

(၈-၁-၂၀၂၄) ရက်နေ့မှာ MNDAA အကြမ်းဖက်အဖွဲ့က လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၊ ဆင်ဦးကင်းတောင်ထိပ်က ရွှေတိဂုံပုံတူ စေတီတော်ကို ဖြိုဖျက်နေတဲ့ ရုပ်သံနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းမှာ ဘုရားဖြစ်လျင်ပင် ပျက်စီးစေရမည်ဆိုတဲ့ တရုတ်စာတန်းထိုးပြီး ဗုဒ္ဓဘာသာဝင် ပြည်သူများကို စော်ကားခဲ့ပါတယ်။ MNDAA အကြမ်းဖက်သူပုန်အဖွဲ့က ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူလူထုကိုတစ်ရပ်လုံးကို စော်ကားလိုက်တဲ့ ရုပ်သံထွက်ပေါ်လာပြီးနောက် မန္တလေးမြို့က သံဃာတော်များက ဦးဆောင်ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

အလားတူ ရန်ကုန်၊ လားရှိုး၊ မော်လမြိုင်၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်တို့အပြင် နယ်မြို့များပါမကျန် သံဃာတော်များနှင့် ပြည်သူများက စေတီတော်ကို ဖြိုချဖျက်ဆီး၊ ဗုဒ္ဓဆင်းတုတော်များကို ထုခွဲရိုက်ဖျက်တဲ့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်လာခဲ့ကြသလို ဘာသာ သာသနာအပေါ် ထိပါးစော်ကားလာတဲ့ အကြမ်းဖက်အဖွဲ့တွေကို ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချပွဲများမှာ တစ်ဖက်က အကြမ်းဖက်သမားတွေရဲ့ အောက်တန်းကျသော လုပ်ရပ်နဲ့ပတ်သက်လို့ ရှုတ်ချပြောဆိုကြသလို လက်ရှိ နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ အားနည်းချက်များစွာ ဖြစ်ပေါ်နေတာကိုလည်း ထောက်ပြပြောဆိုလာကြပါတယ်။ MNDAA အကြမ်းဖက်သူပုန်အဖွဲ့က ဘာသာရေးစော်ကားမှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ အောက်တန်းကျလွန်းသော အပြုအမူကို ပြောင်ပြောင်တင်းတင်းထုတ်ပြခဲ့ပြီးနောက်ပိုင်း မြို့နယ်အသီးသီးမှာ သံဃာတော်များနဲ့ ပြည်သူများက နေ့စဉ်ဆိုသလို ဆန္ဒပြ ကန့်ကွက်ရှုတ်ချမှုတွေ မြင်တွေ့လာရပါတယ်။ နစကအစိုးရအနေနဲ့ ၃နှစ်တာ ကာလ အကြမ်းဖက်အဖွဲ့များအပေါ် တိကျ မှန်ကန်တဲ့ နှိမ်နင်းမှု မရှိခဲ့ပါဘူး။ အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ထောင်နဲ့ချီပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပါတယ်။ နစကအစိုးရဲ့ ယန္တရားက အကြမ်းဖက်သမားများကို တိကျစွာ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိတဲ့အပြင် အကြမ်းဖက်သမားများထံက အဂတိလိုက်စားပြီး အကြမ်းဖက်သမားကို လွှတ်ပေးသည်အထိ ရင်နင့်ဖွယ်ရာ အခြေအနေတွေကို ပြည်သူများကို မြိုသိပ်နေခဲ့ကြရတာ ဖြစ်ပါတယ်။

အခုတော့ အကြမ်းဖက်အဖွဲ့များက ဘာသာ သာသနာအပေါ် ပြောင်ပြောင်တင်းတင်း စော်ကားလာပြီဖြစ်တဲ့အတွက် တစ်ဖက်မှာ အကြမ်းဖက်အန္တရာယ်များ ရှိနေသော်လည်း အစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့များကို တိကျပြတ်သားစွာ နှိမ်နင်းပေးဖို့ မြို့နယ်အသီးသီးက တောင်းဆိုလျက်ရှိပါတယ်။ နစကအစိုးရ အနေနဲ့ ရဟန်းရှင်လူပြည်သူလူထုရဲ့ တောင်းဆိုမှုကို ဘယ်လောက်အထိ အလေးထားသလဲ။ ဘယ်လိုဆောင်ရွက်ပေးမှာလဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)