(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်


MNP ၊ဇန်နဝါရီ ၂

ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးထွန်းကျော်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍   အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အခမ်းအနားကျင်းပမည့်အစီအစဉ်များနှင့် ပတ်သက်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များကလည်းကောင်း၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ရေးနှင့် ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်ပညာရေးမှူးနှင့်မြို့နယ်ပညာရေးမှူးတို့က လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။

ထို့နောက် သက်ဆိုင်ရာဌာနအသီးသီး၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပဆောင်ရွက်ရမည့် ကိစ္စများအပေါ် ထပ်ဆင့်မှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)