အမျိုး ဘာသာ သာသနာအတွက် ဇာတ်နာခဲ့ရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုး ဘာသာ သာသနာအတွက် ဇာတ်နာခဲ့ရပြီ



ကျွန်တော်က မီဒီယာသမားပါဗျ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာလောကထဲ ဝင်ခဲ့ပါတယ်။ မီဒီယာနယ်ပဲထဲ ခြေချခဲ့စဉ်က အခြေအနေကို မပြောတော့ပါဘူး။ ဝါသနာအရ လုပ်တဲ့ အလုပ်ဟာ အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။ ဦးနေမျိုးဝေနဲ့ လယ်သမားတွေအရေးတွေကူညီရင်း မီဒီယာထဲက ထွက်ခဲ့ရတယ်။ အလွတ်တန်း သတင်းထောက်ပေါ့ဗျာ။ အင်္ဂလိပ်ပြောရင်တော့ freelance အနေနဲ့ ကျွန်တော် လယ်ယာမြေသိမ်းဆည်းခံရမှုတွေကိုပဲ ဖော်ထုတ်ရေးသား တင်ပြခဲ့တယ်။ အဲဒီလို နေရင်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တယ်။

မသီတာထွေး သတ်ဖြတ်ခံရမှု ဖြစ်စဉ်က စလိုက်တဲ့ ပဋိပက္ခဟာ တနိုင်ငံလုံးကို ပျံ့နှံ့လာခဲ့သလို နိုင်ငံတကာ ဖိအားတွေလည်း များလာခဲ့ရတယ်။ အဲဒီလို ဖြစ်လာတဲ့အချိန်မှာ ငါတို့ ဘာလုပ်မှာလဲဆိုတဲ့ အသိကနေ အမျိုးသားရေးလှုပ်ရှားမှု စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေဟာ ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ လူမျိုးလိမ်အရေး လှုပ်ရှားမှုကလည်း ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ အားကောင်းမောင်းသန် ဖြစ်လာခဲ့တယ်။ ဘာသာရေးကို ပစ်မှတ်ထားစော်ကားတဲ့ လုပ်ရပ်တွေလည်း အစိုးရအဆက်ဆက် ဖြစ်ပေါ်လာခဲ့တယ်။

ဦးနေမျိုးဝေ က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ဆောင်ရွက်သင့်တဲ့ အခြေအနေ၊ အန္တရာယ်တွေ့ကြုံနိုင်တဲ့ အခြေအနေတွေကိုလည်း ပြောပြခဲ့ဖူးတယ်။ သူက လုပ်ပါလို့ မတိုက်တွန်းသလို၊ မလုပ်ပါနဲ့လို့လည်း မတားခဲ့ဘူး။ 

ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ့်ဆန္ဒကို အကောင်အထည် ဖော်ခဲ့တယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်အရေးက ဆိုးသထက် ဆိုးတဲ့ အခြေအနေကို ရောက်လာပြီး OIC အဖွဲ့က ဖိအားပေးတာမျိုးတွေ လုပ်ဆောင်လာတဲ့အချိန်မှာတော့ ငါတို့နိုင်ငံအပေါ် လူပါးဝနေကြပါလားလို့ သတင်းတစ်ပုဒ်ကို ဖတ်ရင်း မျက်ရည်ကျမိတယ်။ အဲဒီကစပြီး OIC အဖွဲ့ မြန်မာပြည်လာမယ့် ခရီးစဉ်ကို စတင်ကန့်ကွက်ဆန့်ကျင်ရာက အမျိုးသားရေးကို စခဲ့တယ်။

အဲဒီလို ဆောင်ရွက်လိုက်တဲ့အချိန်မှာ ရခိုင်အမျိုးသားရေးအတွက် လုပ်နေကြတဲ့အကိုတွေက လက်တွဲခေါ်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး အမျိုးသားရေးလမ်းကြောင်းပေါ် ရောက်ခဲ့တာပါပဲ။

ကျွန်တော် မခံနိုင်မရပ်နိုင်ဖြစ်ပြီး OIC အဖွဲ့ မြန်မာပြည်လာမယ့် ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲမှာ ကျွန်တော်နဲ့အတူ လက်တွဲဆောင်ရွက်ပေးခဲ့တဲ့ ကိုဝေလင်းအောင် အသိဆုံးပါပဲ။

အဲဒီအချိန်ကတော့ အနောက်တံခါးက ကုလားအန္တရာယ်နဲ့ ပတ်သက်လို့ အမျိုးသားရေးလှုပ်ရှားမှုက အရှိန်အဟုန်မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့ အမျိုးသားရေးအတွက် ရပ်တည်ဆောင်ရွက်နေကြသူများ အားလုံးဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ တသားတည်း ရှိခဲ့ကြသူများ ဖြစ်ကြပါတယ်။ ကျွန်တော်တို့တွေက ရခိုင်၊ ဗမာ ခွဲခြားပြီး အမျိုးသားရေး လုပ်ခဲ့တာမဟုတ်ပါဘူး။ တိုင်းရင်းသား ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေးလမ်းကြောင်းပေါ်မှာ ရပ်တည်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

သို့ပေသော် ရခိုင်တိုင်းရင်းသားများဟာလည်း ရခိုင်အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်လာတဲ့အခါ ဗမာကို တိုက်ခိုက်စော်ကား၊ ဗမာမုန်းတီးရေးလှုံ့ဆော်တာတွေကိုလည်း သိပါတယ်။ အခြားသော တိုင်းရင်းသားတွေ (လက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့ တိုင်းရင်းသားများ) မှာ ဗမာမုန်းတီးရေး လှုံ့ဆော်မှုတွေ ရှိနေတာ ဖြစ်တဲ့အတွက် ဗမာလူမျိုးဟာ အမုန်းခံဘဝ ရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဗမာအများစုက တိုင်းရင်းသားများအပေါ် အမုန်းတရားမရှိပါဘူး။ အချစ်လွန်ပြီး စော်ကားခံရတဲ့အခါမျိုး ရင်ထုမနာဖြစ်ကြတာပေါ့။

ဒီဆောင်းပါးလေးကတော့ ကျွန်တော်အမျိုးသားရေးလမ်းကြောင်းပေါ် ရောက်ခဲ့တဲ့ အခြေအနေကို ပြောလိုရင်းသာ ဖြစ်ပါတယ်။ ကျွန်တော် မီဒီယာလောကထဲကိုရောက်၊ အဲဒီကနေ အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင် ခဲ့တယ်။ အဲဒီ ကာလ ကျွန်တော် မိသားစုအတွက် တစ်ချက်မှ လှည့်မကြည့်ခဲ့ဘူး။ ကိုယ့်လုပ်အားခ မိသားစုမစားခဲ့ရဘူး။ ကျောပိုးအိတ်တစ်လုံးနဲ့ လေလွင့်ငှက်ငယ်တစ်ကောင်လို ကိုယ်ယုံကြည်ရာ လမ်းကြောင်းပေါ်မှာ ရပ်တည်လျှောက်လှမ်းခဲ့တယ်။ 

အဲဒီလိုနေရင်းက ကျွန်တော် အိမ်ထောင်ကျတော့ အလုပ် ပြန်လုပ်ရပြီ။ မိသားစု ဖြစ်လာပြီ။ မိသားစု ဖြစ်လာတဲ့အချိန် အခက်အခဲတွေနဲ့ ရပ်တည်နေရချိန် အကျဉ်းကျခံရတယ်။ ပြန်ထွက်လာတော့ ပိုပြီး ဆင်ခြင်ရပြီ။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ မိသားစုအတွက် ပြန်ငဲ့နေရပြီဖြစ်တဲ့အတွက် လုပ်ချင်တိုင်း မလုပ်ဖြစ်တော့ဘူး။ အဲဒီအတွက် ကျွန်တော် မီဒီယာနယ်ပယ်မှာ ပြန်လည်ရပ်တည်ပြီး အမျိုးသားရေးမီဒီယာအဖြစ် ရပ်တည်နေရပါတယ်။

ကျွန်တော်တို့ အမျိုးသားရေးလုပ်ခဲ့ကြတာ လမ်းပြမယ့်သူ နည်းတယ်။ ကိုယ့်စိတ် ကိုယ့်သဘော ကိုယ့်ယုံကြည်ချက်အတွက် ဘယ်လိုနည်းနဲ့ လုပ်ကြမလဲ နည်းလမ်းရှာပြီး လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

အမျိုးသားရေးအတွက် မျိုးဆက်သစ် လူငယ်တွေ လိုတယ်။ ရဲရင့် ပြတ်သားစွာ လုပ်ဆောင်မယ့် အမျိုးသားရေးလူငယ်တွေ လိုတယ်။ အမျိုး ဘာသာ သာသနာအတွက် အန္တရာယ်တွေ မြင်တွေ့ခဲ့ရတယ်။ နောက်နောင် ဒီထက်ဆိုးတဲ့ အန္တရာယ်တွေ မလာဘူးလို့လည်း မပြောနိုင်ဘူး။ တကယ်တော့ အစိုးရတစ်ရပ်ဟာ အမျိုးသားရေးအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်ခြင်း ဆိုသည်ထက် ဥပဒေစိုးမိုးရေးကို တကယ်အလေးထားတဲ့ အစိုးရမျိုး ရှိမယ်ဆိုရင် ပြဿနာမများဘူး။

မြန်မာပြည်မှာ အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက် အာဏာမရခင်တော့ ဟုတ်တော့မလိုလိုပဲ။ အာဏာနဲ့ လုပ်ပိုင်ခွင့် ရသွားပြီဆိုတာနဲ့ ကိုယ်ကျိုးရှာလိုမှုက ပထမ ဖြစ်သွားတာပဲ။ အဆိုးဆုံးအခြေအနေကို တွက်ဆကြည့်ရင် ဒီကာလဟာ အရှေ့က NLD အစိုးရရဲ့ မဲမသာမှုတွေ၊ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ပြီး တိုင်းပြည်ကို အရေးပေါ် အခြေအနေကြေညာပြီး တာဝန်ယူနေရတဲ့ အစိုးရမဟုတ်ပါလား။ ဒီလိုအခြေအနေမှာတောင် လုပ်ပိုင်ခွင့် အာဏာရပြီဆိုတာနဲ့ ကိုယ်ကျိုးရှာကြတာတွေ ဖမ်းဆီးထိန်းသိမ်းရတဲ့ အခြေအနေမျိုး မြင်တွေ့ကြပါလိမ့်မယ်။ ဒီလူတွေအားလုံးဟာ ကောင်းမွန်မှန်ကန်တဲ့ လမ်းညွှန်ချက်တွေကို မသိလို့ မဟုတ်ပါဘူး။ ပညာတတ်တွေလည်း ဖြစ်ပါတယ်။ သို့သော် လောဘတက်လာတဲ့အခါ သူတို့ရဲ့ သိက္ခာကို မစောင့်စည်းနိုင်ကြတော့ဘူး။ အဲဒီ ပြဿနာက အစိုးရအဆက်ဆက်မှာ ရှိနေတယ်။

မြန်မာပြည် အုပ်ချုပ်ရေးယန္တရားရဲ့ အားနည်းချက်ကို သိတဲ့ ပြည်ဖျက်မိစ္ဆာတွေက အမျိုး ဘာသာ သာသနာကို ရတဲ့နည်းနဲ့ ပုတ်ခတ်စော်ကားနေကြမှာပဲ။

လူငယ်တွေ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိရှိကြဖို့ လိုတယ်။ ရဲရင့် ပြတ်သားဖို့ လိုတယ်။ ကျွန်တော်တစ်ယောက်တည်းသာ မဟုတ်ပါဘူး။ အမျိုးသားရေးမှာ အတူလက်တွဲလှုပ်ရှားခဲ့ကြသူအားလုံးဟာ လုပ်သင့်တယ်လို့ ဆုံးဖြတ်ရင် သမ္မတဆင်းတားလို့တောင် မရဘူး။ ကျွန်တော်တို့တွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုများမှာ ပြန်လည်သုံးသပ်ကြည့်ရင် အဖြေရှိပါတယ်။

ယခင်ကတော့ အနောက်တံခါးက အန္တရာယ် ရှိတယ်။ အခုတော့ မြောက်ဖျားကပါ အန္တရာယ်ရှိလာပြီ။ မျိုးဆက်သစ် လူငယ်တွေအတွက် အမျိုးသားရေးအန္တရာယ်တွေ ပိုများလာပြီ။ မျိုးဆက်သစ် အမျိုးသားရေးလူငယ်များ ပေါ်ထွန်းပါစေ။ အာဏာနဲ့ လုပ်ပိုင့်ကို တလွဲအသုံးချ၍ ကိုယ်ကျိုးရှာလိုသော အုပ်ချုပ်သူများကို တွန်းလှန်နိုင်ပါစေ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ အန္တရာယ်များကို လက်ဆင့်ကမ်း ကာကွယ်နိုင်ကြပါစေ။ ယနေ့အချိန်အထိလည်း အမျိုးသားရေးအတွက်ဆိုရင် သွေးမအေးသေးပါဘူး။ ဒါပေမယ့် စိတ်ရှိတိုင်း မလုပ်ရဲတော့ဘူး။ တချို့ကိစ္စတွေ မြိုသိပ်ပြီး နှုတ်ဆိတ်နေရတဲ့ အဖြစ်မျိုးပါ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)