ကရသူရိမြို့နယ်တွင် မိန်းကလေးငယ်အား ပွဲစားထံမှ ခေါ်ထားပြီး နှိပ်စက်ညှဉ်းပမ်းနေသည့်အပေါ် အရေးယူဆောင်ရွက်ပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကရသူရိမြို့နယ်တွင် မိန်းကလေးငယ်အား ပွဲစားထံမှ ခေါ်ထားပြီး နှိပ်စက်ညှဉ်းပမ်းနေသည့်အပေါ် အရေးယူဆောင်ရွက်ပေးစေလို (အိတ်ဖွင့်ပေးစာ)

029


ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့နယ်ခွဲ၊ ကရသူရိမြို့နယ်၊ ကော့ဗမာအုပ်စု၊ အေးမြသာယာကျေးရွာတွင် (×××)ဆိုင်ဟု အမည်တတ်ထားသောဆိုင်တွင် မသဲစုဝင်းဆိုသည့် အသက်၁၃နှစ် ၁၄နှစ် လောက်ရှိ  မိန်းကလေးတစ်ဦးအား ဈေးရောင်းခိုင်းရန် ပွဲစားထံမှခေါ်ယူပြီး ဆိုင်တွင်ဈေးရောင်းခေါ်ထားသည်မှာ တစ်နစ်ကျော်ရှိနေပါပြီ။

၂၄-၁၂-၂၀၂၃ရက်နေ့ မနက်က မသဲစုဝင်းသည် ထိုဆိုင်မှ မနက် ၄နနာရီခန့်က ထွက်ပြေးလာခဲ့ပါတယ်။ ဦးစန်းမောင်အိမ်ပေါ်သို့ အတင်းတက်လာပြီး "မပြန်ပရစေနဲ့ ကူညီပါ သမီးအား (×××)ဆိုင်က အမျိုးမျိုးမိသားစုလိုက် နှိပ်ဆက်နေကြပါပြီ" ဟုပြောခဲ့ပါသည်။ ကလေးမ၏ ကိုယ်ခန္ဓာတွင် ဦးခေါင်း၌ ဒဏ်ရာအမာရွတ်တွေ၊ လက်တွင် ထုရိုက်ထားသောကြောင့် ညိုမဲစွဲဒဏ်ရာတွေ တွေ့ရပါသည်။

မိန်းကလေးမှာ နှိပ်စက်ခံရမှုများကြောင့်လား ကြောင်တောင်တောင် အနေအထားမျိုးတွေ့ရပါသည်။

အုပ်ချုပ်ရေးမှူးအား အကူညီတောင်းပါသော်လည်း အုပ်ချုပ်ရေးမှူးက အမုန်းမခံ။ ဒါကြောင့် ရဲစခန်းအကြောင်းကြားခဲ့ပါသည်။ ပွဲစားမရှိ လို့ ပွဲစားမိမှ အရေးယူလို့ရမည်ဟု ပြောပါသည်။ ပွဲစားတွေ့ပြန်လို့ အမှုဖွင့်ပေးပါရန်ပြောခဲ့သော်လည်း ထိုမိန်းကလေးသည် ပွဲစားအဆင့်ဆင့် ရောင်းစားခံရပြီး မိဘအရင်းရှိသော်ငြားလည်း ပွဲးစားများ၏  ငွေယူထားမှုကြောင့် နှစ်ချုပ်နဲ့ ဈေးဆိုင်တွေမှာရောင်းစားခံနေရပါတယ်။

ယခု ညီမတို့ဘက်က ပွဲစားကိုဆုံးစမ်းသောအခါ မိန်းကလေး ပို့ချင်လို့ပါဟု မာယာဆင်ပြီး ပြောပြသောအခါ ပွဲစားမှ ဖုန်းနံပါတ်၊ နေရပ်လိပ်စာပေးထားပါသည်။

ပွဲစားအဆက်ဆက်ကို ဖော်ထုတ်လို့ရနေတဲ့ အနေအထားကို ရဲစခန်းက (×××)ဆိုင်နဲ့ ပူးပေါင်းပြီး အမှုဖွင့်လို့မရကြောင်းဘဲ ပြောပါသည်။

ပွဲစားမသည် ရန်ကုန်ရွှေပြည်သာမှ ပွဲစား ဒေါ်ညွန်စိန် ထံမှ တဆင့် ခေါ်ယူလာကြောင်း မသဲစုဝင်းနဲ့ အတူ မိန်းကလေး ၄ယောက် စုစုပေါင်း ငါးယောက်ခေါ်ယူလာတာ ဖြစ်ကြောင်းပြောပြပါသည်။ အရွယ်မရောက်သေးသည့် မိန်းကလေး တွေခေါ်ယူပြီး ခိုင်းစားနေတဲ့ တရားခံများကို ခြေရာခံ ဖမ်းဆီးနိုင်ပါလျက်နှင့် ရဲများကအရေးတယူမရှိ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။

အရွယ်မရောက်သေးသည့် မိန်းကလေးများကို ပွဲစားအဆင့်ဆင့်ဖြင့် အရောင်းအဝယ်လုပ်နေမှုများကို တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ တားဆီဆောင်ရွက်ပေးနိုင်ပါရန်နှင့် ညှဉ်းပမ်းနှိပ်စက်ခံနေရသည့် မိန်းကလေးများကို ကယ်တင်ဆောင်ရွက်ပေးနိုင်ပါရန် မြန်မာနေရှင်ပို့စ်မှတဆင့် တင်ပြအပ်ပါသည်။


ဒေသခံ ပြည်သူတစ်ဦး


(မှတ်ချက် - ဆိုင်အမည်အတိအကျဖြင့် ရေးသားပေးပို့လာသည့် ပေးစာဖြစ်ပါသည်။ ဆိုင်အမည်ကို မြန်မာနေရှင်နယ်ပို့စ် ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages