ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP  ၊ဇန်နဝါရီ  ၃၁

ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

                  ရှေးဦးစွာ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က “ဥပဒေရေးရာ ဆပ်ကော်မတီအနေဖြင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေ၊ ဗဟုသုတများကို ဖြန့်ဝေပေးရန်၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်း၍ တရားစွဲဆိုမှုများရှိပါက ဥပဒေရုံးများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေရေးရာကိစ္စရပ်များ၊ တာဝန်များ၊ ပြစ်မှုများကို သိရှိလိုက်နာနိုင်ရေးအတွက် ကလေးအလုပ်သမားနှင့် ဆက်စပ်နေသည့် ဥပဒေအချက်အလက်များနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များကို ပြည်သူလူထုထံဖြန့်ဝေခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံပြုဆွေးနွေးခြင်းများ လိုအပ်ကြောင်း” စသဖြင့် အမှာစကား ပြောကြားခဲ့သည်။

                                ဆက်လက်၍ တိုင်းဒေသကြီး ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဌေးက ကလေးအလုပ်သမားဆိုင်ရာ ဥပဒေများအကြောင်း ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် ဆပ်ကော်မတီအဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ဆပ်ကော်မတီအနေဖြင့် ပုံမှန်အစည်းအဝေးကို (၃) လတစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)