MNP ၊ ဇန်နဝါရီ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ကျင်းပခဲ့သည်။
တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အဘိဓမ္မကောဝိဒ၊ တိပိဋကဓရ တိပိဋကကောဝိဒ (ပိဋကသုံးပုံရေးဖြေအောင်- ၁ ပါး)၊ ဒီဃနိကာယကောဝိဒ(ပိဋကနှစ်ပုံရေးဖြေအောင်-၃ ပါး)၊ ဝိနယကောဝိဒ (ပိဋကတစ်ပုံရေးဖြေအောင်-၅ ပါး)၊ ဥဘတောဝိဘင်္ဂကောဝိဒ (ဝိနည်းပထမပိုင်းရေးဖြေအောင်-၇ ပါး)၊ မူလအာဘိဓမ္မိက (အဘိဓမ္မာ ပထမပိုင်း အာဂုံအောင်-၅ ပါး)၊ ဒီဃဘာဏက (ပိဋကနှစ်ပုံ အာဂုံ အောင်- ၉ ပါး)၊ ဝိနယဓရ (ပိဋကတစ်ပုံ အာဂုံအောင်-၃၁ ပါး)၊ ဥဘ တောဝိဘင်္ဂဓရ (ဝိနည်းပထမပိုင်း အာဂုံအောင်-၅၁ ပါး)၊ စုစုပေါင်း ၁၁၂ ပါး အောင်မြင်ခဲ့ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
MNP News
No comments:
Post a Comment