ရွှေတောင် မြို့နယ်တွင် နိုင်ငံ့ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသောအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရွှေတောင် မြို့နယ်တွင် နိုင်ငံ့ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသောအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

%E1%81%81%E1%81%80

%E1%81%81%E1%81%81

%E1%81%81%E1%81%82

%E1%81%89

MNP ၊  ဇန်နဝါရီ      ၂၃

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းကနိုင်ငံ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသောအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ် ( ၂၂) ရက်နေ့တွင်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ ရွှေတောင် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသောအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး၊ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၂) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိရာအငြိမ်းစားနိုင်ငံ့ဝန်ထမ်း  (၅၉) ဦးတို့အား ရောဂါ ရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။

   အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးရာသို့ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊မြိုနယ်ကုသရေးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ၊ပရဟိတအသင်းအဖွဲ့များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages