လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုတွေနဲ့ မီဒီယာစစ်ပွဲမှာ အောင်မြင်နေပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုတွေနဲ့ မီဒီယာစစ်ပွဲမှာ အောင်မြင်နေပြီလား



အကြမ်းဖက်လှုံ့ဆော်မီဒီယာတစ်ခုဖြစ်တဲ့ Mizzima သတင်းဌာနမှာ ဆောင်းပါးရှင် (မျိုးတင်ဇာဝင်း) ဆိုသူရဲ့ "မီဒီယာစစ်ပွဲမှာလည်းကျရှုံး‌နေတဲ့ အကြမ်းဖက်စစ်‌ကောင်စီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို တွေ့ရပါတယ်။ ဒီခေါင်းစဉ်က စပြီး အများပြည်သူ အသိအမြင် ရှင်းအောင် ပြောရမှာ ဖြစ်ပါတယ်။ သူတို့ဖန်တီးသုံးစွဲတဲ့ အကြမ်းဖက်စစ်ကောင်စီ ဆိုတဲ့ ဝေါဟာရဟာ ယနေ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ တပ်မတော်ကို (အကြမ်းဖက်စစ်ကောင်းစီ) ဆိုတဲ့ ဝေါဟာရဖန်တီး သုံးစွဲပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။


ဆောင်းပါးရှင် (မျိုးတင်ဇာဝင်း)ရဲ့ ရေးသားဖော်ပြချက်မှာ "မတရားအာဏာသိမ်းကာလ သုံးနှစ်ပြည့် ခါနီးချိန်မှာ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ် ကောင်စီဟာ စစ်မျက်နှာပေါင်းစုံမှာ မရှုမလှရှုံးနိမ့်ရာမှာ မီဒီယာစစ်မျက်နှာလည်း တခုအပါအဝင်ပါ။ ပြည်သူပိုင် မီဒီယာအရင်းအမြစ်တွေကို အသုံးချဝါဒဖြန့်ခွင့်ရပေမယ့် အမှန်တရားဘက်တော်သား မီဒီယာတွေရဲ့ အရည်အချင်းနဲ့ အားထုတ်မှုဟာ အာဏာရှင်တွန်းလှန် ရေးမှာ သုံးနှစ်အတွင်း ပိုမိုအားကောင်း လာတာကြောင့် စစ်ကောင်စီ အနေနဲ့မီဒီယာ စစ်မျက်နှာမှာလည်း သိသိသာသာအရေးနိမ့် သထက်နိမ့် လာတာအထင်အရှားမြင်နေရပါတယ်။" လို့ ဆိုပါတယ်။


သူ့ရဲ့ ရေးသားဖော်ပြချက်ကို မသုံးသပ်မီ ယနေ့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဘယ်သူတွေ လှုံ့ဆော်နေသလဲဆိုတာတော့ ပြည်သူများ သိထားပြီး ဖြစ်ပါတယ်။ Mizzima သတင်းဌာနအပါအဝင် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးသမားများနဲ့ ပြည်ဖျက်မီဒီယာပူးပေါင်းပြီး လှုံ့ဆော်နေကြတယ်။ NLD ပါတီကို ထောက်ခံအားပေးသူ နီပိန်းလေးများက အကြမ်းဖက်သမားများဖြစ်လာတယ်။ ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေကြတယ်။ ဒါတွေက မြေပြင်အမှန်တရား ဖြစ်တဲ့အတွက် အထူးပြောဖို့တောင် လိုမယ်မထင်ပါဘူး။


အဲဒီတော့ ဆောင်းပါးရှင် (မျိုးတင်ဇာဝင်း)ရဲ့ ရေးသားဖော်ပြချက်မှာ မတရားအာဏာသိမ်း၊ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်စီဆို တဲ့ ဝေါဟာရတွေဟာ ပြည်ဖျက်မီဒီယာတွေ တိုက်လုံး၊ ခိုက်လုံး လုပ်ကြံဖန်တီးသုံးစွဲတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်းပါမှာ (အမှန်တရားဘက်တော်သား မီဒီယာတွေ) လို့ ရည်ညွှန်းခြင်းဟာ Mizzima သတင်းဌာနအပါအဝင် BBC, VOA, RFA, DVB, Khit Thit Media, Myanmar Now အစရှိသော ပြည်ပသြဇာခံ မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး မီဒီယာတွေကို အမှန်တရားဘက်တော်သား လို့ ရည်ညွှန်းခြင်း က ဗြောင်လိမ်တဲ့ သဘောဖြစ်နေပါတယ်။ အမှန်တရားဘက်တော်သား မီဒီယာအမည်ခံ သတင်းဌာနများဆိုရင် အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် ဘာကြောင့် လှုံ့ဆော်နေကြသလဲ။ လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နေခြင်းဟာ အမှန်တရားဘက်တော်သားလား လို့ မေးလိုက်ချင်ပါတယ်။


သူ့ရဲ့ ရေးသားဖော်ပြချက်မှာ "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အရပ်သားအစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံ့အာဏာ အား အတင်း အဓမ္မ သိမ်းယူပြီးနောက် သတင်း မီဒီယာများအား လုပ်ပိုင်ခွင့် ရုပ်သိမ်းခြင်း၊ သတင်းသမားများအား တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချခြင်းများဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ထို့ပြင် သတင်း ဌာနများအား လိုရာဆွဲဥပဒေများ ၊ အမိန့် ညွှန်ကြား ချက်များဖြင့်လုပ်ပိုင်ခွင့်ပိတ်သိမ်းခြင်း ၊ မြေပြင်သတင်းသမားများအား စောင့်ကြည့်ခြင်း အပါအဝင် အကြမ်းဖက်ဥပဒေများပါသုံး၍ ဖမ်းဆီး ၊ တရားစွဲ၊ ထောင်ချခြင်း ၊ဖမ်းဆီးခံရသည့်သတင်းသမားများအား စစ်ကြောရေး စခန်းများ၌အသက် သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခြ င်း ၊ သတင်းမီဒီယာ များနှင့် ဆက်စပ်သည့် ပုံနှိပ်လုပ်ငန်း ၊ ထုတ်ဝေရေး လုပ်ငန်းများအား တားဆီးပိတ်ပင်ခြင်း များအား ဆက်တိုက်လုပ်ဆောင်ပါတယ်။" ဆိုထားပါသေးတယ်။


အထက်ပါ ရေးသားဖော်ပြချက်က NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုကြီးကို ဖုံးကွယ်ပြီး ဗြောင်လိမ်ရာကျပါတယ်။ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရခြင်းဟာ NLD ပါတီရဲ့ ကမ္ဘာ့စံချိန်တင် မဲလိမ်မဲခိုးမှုကြောင့် ဖြစ်သလို NLD က ပုဂ္ဂိုလ်များကို ဖမ်းဆီးထိန်းသိမ်းခြင်းဟာလည်း သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အထင်အရှား ရှိနေပါတယ်။ သူရေးထားတဲ့ သဘောက သတင်းသမား အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်း မပြုဘဲ စိတ်သဘောရှိ အကြမ်းဖက်လှုံ့ဆော်နိုင်ဖို့ လွှတ်ပေးထားရမယ့် သဘောမျိုး ရှိပါတယ်။ အစိုးရအနေနဲ့ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်နေတဲ့ ဘယ်သတင်းသမားကို ဖမ်းဆီးတာ ရှိပါသလဲ။ ပြည်ပ အထောက်အပံ့ယူပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်နေတဲ့ သတင်းသမားအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတွေကိုသာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါတယ်။ 


သူ့ရဲ့ ရေးသားချက်ကို အနှစ်ချုပ်ကြည့်တဲ့အခါ အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများကို ဝင်ရောက်စစ်ဆေးခြင်း၊ ချိတ်ပိတ်ခြင်းများ လုပ်ဆောင်ခဲ့မှုများနဲ့ ပတ်သက်လို့ သုံးသပ်ရေးသားထားသလို သတင်းသမားများအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပါတယ်လို့ ရေးသားထားတာမျိုးတွေလည်း တွေ့ရပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ သတင်းသမားက စုစုပေါင်း ၆၁ ဦး ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ကထုတ်ပြန်ထားပါတယ်။ သတင်းသမားကတော့ ၁၂၃ ဦး ကတော့ ဖမ်းဆီးချုပ်နှောင်ခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းကစပြီး သတင်းသမားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်က တောက်လျှောက်ရှိနေတာဖြစ်ပြီး ထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်မှု ခံကြရ၊ ဝေးလံတဲ့ထောင် တွေကိုပို့ ခံကြရပါတယ် ဆိုတဲ့ ရေးသားဖော်ပြချက်တွေကိုလည်း တွေ့ရပါတယ်။ 

သူ့ရဲ့ ရေးသားဖော်ပြချက်မှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ဆိုတာကလည်း ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေသူများ ဦးဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားသူများက ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်လို့ အကြမ်းဖက်လှုပ်ရှားမှုမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ၊ သတင်းသမားအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများ စာရင်းပြုစုပြီး ပြည်ပနိုင်ငံများထံမှ အထောက်အပံ့ရယူကာ သူတို့ လိုသလို အသုံးချနိုင်အောင် ထောက်ပံ့ကူညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။


ဆောင်းပါးရှင် (မျိုးတင်ဇာဝင်း)ရဲ့ ရေးသားဖော်ပြချက်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ ပြည်ဖျက်မီဒီယာတွေရဲ့ ရုံးခန်းတွေ ချိတ်ပိတ်ခံရတာ၊ ပြည်ဖျက်မီဒီယာတွေမှာ သတင်းသမားအမည်ခံပြီး အကြမ်းဖက်လှုံ့ဆော်သူတွေ ဖမ်းဆီးထိန်းသိမ်းခံရတာတွေကို စီကာပတ်ကုံးရေးသားပြီး စစ်ကောင်စီဝါဒဖြန့်ချိ‌ရေးမှာအ‌ရေးနိမ့်နေပေမယ့် တဖက်မှာလည်း သတင်းသမားများ ကာကွယ်ရေးအဖွဲ့ CPJရဲ့ထုတ်ပြန်ချက်အရ၂၀၂၃ ခုနှစ်အတွင်း သတင်းသမား အများဆုံးအဖမ်းခံရတဲ့ နိုင်ငံဟာ တရုတ်ဖြစ်ပြီး မြန်မာ ဒုတိယအများ ဆုံးဖြစ်ကြောင်း၊ ရှုံးမဲမဲနေတဲ့စစ်ကောင်စီဟာ မီဒီယာ သမားတွေကိုပိုမိုပစ်မှတ်ထားဖိနှိပ်ဖမ်းဆီးအရေးယူတာ‌တွေလုပ်လာမှာဖြစ်ကြောင်း၊ သတင်းသမားများ၏ လုံခြုံရေးအတွက်ဖြစ်တန်ဖွယ်ရှိသော နည်းနာများရရှိရေး၊ သတင်းမျိုးဆက်များ စဉ်ဆက်မပြတ်မွေးထုတ်ရေးတို့အတွက် နည်းပညာအထောက်အပံ့၊ ဘဏ္ဍာရေးအထောက်အပံ့များ လိုအပ်‌နေပါ‌သေးကြောင်း၊ မီဒီယာဖွံ့ဖြိုးရေး အေဂျင်စီများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ အနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်နိုင်ရင် စစ်ကောင်စီ ဖြုတ်ချ ရေးမြန်ဆန် သထက်မြန်အောင် မီဒီယာအားနဲ့ထိရောက်စွာစစ်ကူပေးနိုင်မှာဖြစ်ကြောင်းဖြင့် သတင်းဌာနအမည်ခံ တိုင်းဖျက် ပြည်ဖျက် လုပ်နေသူများ၊ သတင်းသမားအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများအတွက် ကူညီပံ့ပိုးမှုများ ရအောင် ရည်ရွယ်ရေးသားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ စုစည်းဖော်ပြပေးထားတဲ့ ပြည်ဖျက်မီဒီယာများစာရင်းဆိုတာ ရှိပါတယ်။ 

အကြမ်းဖက်လှုံ့ဆော်သတင်းဌာနများစာရင်းတွင် အမေရိကန်အခြေစိုက် - VOA, RFA ၊ ဗြိတိန်အခြေစိုက် - BBC ၊ တရားမဝင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများစာရင်းတွင် - DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now, Frontier Myanmar, Myanmar Pressphoto Agency, မြေလတ်အသံ, The Ayeyarwaddy Times, Myanmar Labour News, မောင်း, Tachileik News Agency, Delta News Agency, သံလွင်ခက်, Than Lwin Times, Dawei Watch, နိုင်ငံတကာ မြန်မာ သတင်း – BNI, ကမာရွတ်မီဒီယာ, Development Media Group (ရခိုင်), Narinjara (ရခိုင်), Western News (ရခိုင်) အစရှိသော မီဒီယာများဟာ ထုတ်ဝေခွင့် ပိတ်သိမ်းခံရသည်အထိ အကြမ်းဖက်လှုံ့ဆော်မှုတွေ ဘာကြောင့် လုပ်ခဲ့ကြတာလဲ ဆိုတာကို အဖြေရှာကြည့်ရင် သိနိုင်ပါတယ်။ အထက်ဖော်ပြပါ သတင်းဌာနများဟာ ပြည်ပက ပေးကမ်းထောက်ပံ့မှုကို ဝေစား မျှစား ရယူဆောင်ရွက်နေကြတဲ့ သတင်းဌာနများ ဖြစ်တဲ့အတွက် အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်မှသာ ပြည်ပ အထောက်အပံ့ကို ဆက်လက်ခံစားခွင့် ရမှာ ဖြစ်လို့ ပြည်သူလူထု အတိဒုက္ခရောက်အောင် ဖန်တီးပြီး ကိုယ်ကျိုးရှာနေကြခြင်းပဲ ဖြစ်ပါတယ်။ 

သူတို့တွေရဲ့ ရေးသားဖော်ပြမှုတွေဟာ အများပြည်သူအတွက် ဘယ်လောက်အထိ ကောင်းကျိုးဖြစ်စေသလို၊ ဘယ်အတိုင်းအတာအထိ ဆိုးကျိုးဖြစ်စေသလဲ ဆိုတာကို နေ့စဉ် နီပိန်းများဖွဲ့စည်းထားသော PDF အကြမ်းဖက်အဖွဲ့အပါအဝင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ KIA, KNU, KNLA, KNPP, KNDF, CDF အစရှိသော အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေအပေါ် မူတည်ပြီး တွက်ဆကြည့်နိုင်ပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ ပူးပေါင်းလှုံ့ဆော်မှု ပြည်တွင်းမှာ ရှိတဲ့ သူတို့ရဲ့ သြဇာခံ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ ရဟန်းရှင်လူပြည်သူအရေအတွက်ဟာ ၃နှစ်တာ ကာလအတွင်းမှာ (၈၀၀၀)နီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။ ဒီအထဲမှာ သံဃာတော် အပါး (၉၀)ကျော် အသတ်ခံခဲ့ရသလို ဆရာ/ဆရာတွေလည်း အသတ်ခံခဲ့ရပါတယ်။

လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေနဲ့ နီပိန်းတွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို ပုံဖော်နေတဲ့ ပြည်ဖျက်မီဒီယာများက ပြည်သူများကို သေတွင်းထဲ တွန်းပို့ပြီး မီဒီယာစစ်ပွဲမှာ အောင်မြင်နေသူများသဖွယ် လက်ခမောင်း ခတ်နေတာကို တွေ့ရတာ ရွံရှာဖွယ်ပါပဲ။

ထိုထိုသော ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများဟာ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သူတို့ရဲ့ သြဇာခံ အကြမ်းဖက်သမားများကို အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်အောင် နေ့စဉ် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေနဲ့ လှုံ့ဆော်နေတဲ့ လေလှိုင်းပေါ်က လူသတ်သမားများပဲ ဖြစ်ပါတယ်။ ထိုသူများသည် ကျည်လွတ်မြေး ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ပြီးမှာ အကြမ်းဖက်လှုံ့ဆော် (လေလှိုင်းပေါ်က လူသတ်သမားများ) ဖြစ်တဲ့ အတွက် သစ္စစကားနဲ့ပဲ တုန့်ပြန်လို့ ရပါလိမ့်မယ်။  ပြည်ပအထောက်အပံ့ယူပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ကြံဖန်တီးရေးသားနေသော ပြည်ဖျက်မီဒီယာများကို ဦးဆောင်သူများ၊ သတင်းသမား အမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေး ဘေးရန်အမျိုးမျိုးတွေ့ပြီး ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဆွံ့အနားမကြား၊ အကျိုး အကန်း ဖြစ်ကြပါစေ။ စာရေးသူသည်လည်း သတင်းသမားဖြစ်သဖြင့် အများပြည်သူ အတိဒုက္ခရောက်အောင် ကျွန်ုပ်က လုပ်ဆောင်နေပါက ကျွန်ုပ်ထံ ဘေးအမျိုးမျိုး ကျရောက်ပါစေ။ ကျွန်ုပ်အနေဖြင့် ထိုသို့ လုပ်ဆောင်ခြင်းမရှိဘဲ ပြည်ပြေး ဝရမ်းပြေး သတင်းသမား ဆိုသူများက အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ဆောင်နေလျင်လည်း ပြည်ပြေး ဝရမ်းပြေးများထံ ဘေးအမျိုးမျိုး ကျရောက်ပါစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)