ရွှေတောင်မြို့နယ်တွင် နွေစပါး ( Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် ရတနာတိုး (YSR) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါး ( Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် ရတနာတိုး (YSR) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပ





MNP ၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာ ကွင်းအမှတ် ( ၄၂၀C) အင်ကြင်းစင်ကွင်းအတွင်းရှိ တောင်သူ ဒေါ်ဌေးရီ၏ လယ်မြေ( ၄. ၀၀) ဧကတွင်ယမန်နေ့ နံနက်ပိုင်းက နွေစပါး ( Drum Seeder) လက်စွဲကောက်စိုက်စက်ကိရိယာဖြင့် ရတာနာတိုး (YSR) စပါးမျိုး စိုက်ပျိုးသရုပ်ပြ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ

( Drum Seeder) လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် လက်တွေ့သရုပ်ပြခြင်း၊ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်မှ နွေစပါးစိုက်ပျိုးတောင်သူများအား သက်တမ်းတိုအထွက်ကောင်းမျိုးများဖြစ်သည့်ဗီယက်နမ်( ဆာဖိုသာ ) စပါးမျိုး၊ရတနာတိုးစပါးမျိုးနှင့် ရက် ( ၉၀) စပါးမျိုးများပြောင်လဲစိုက်ပျိုးရေး ၊ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်၊ မျိုးစေ့ချ ကိရိယာများဖြင့်သာစိုက်ပျိုးရန်၊စိုက်ပျိုးရေးလေလွင့်မှုမရှိစေရေးနှင့် သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းစေရေးတို့အတွက် တောင်သူများအားအသိပေးဆွေးနွေးခဲ့ပြီး ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများကို သက်တမ်းတိုအထွက်ကောင်မျိုးများ စိုက်ပျိုးရန် လိုအပ်သည့်မျိုးနှင့် သွင်းအားစု နည်းပညာအကူအညီများ ဆောင်ရွက်ပေးနေမှုများကိုရှင်းလင်းဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ပါ ဌာနဆိုင်ရာအကြီးအကဲများ ၊နွားမယံ၊ကြို့ကုန်း၊ ဆည်ကြီးကုန်း၊ကြာနီကန်၊မင်းကွန်း၊မီးလောင်၊ဝါးတော၊အိုးထိမ်းကုန်း၊ဇယ်မ၊မဲတော၊ထန်းကုန်း) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ၊ တောင်သူများ ၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ စုစုပေါင်း အင်အား ( ၉၈) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)