ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်



MNP ၊ ဇန်နဝါရီ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးသမိုင်း ပြခန်း၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အခြေခံပညာသင်ကြားတတ်မြောက်မှသာ အဆင့်မြင့်ပညာရပ်များကို ဆည်းပူးလေ့လာနိုင်မည် ဖြစ်ကြောင်း၊ အခြေခံပညာ Grade-12 သည် နောင်ဆက်လက် လေ့လာသင်ကြားလိုသည့် ပညာရပ်များအတွက် ပေါင်းကူးတံတား သဖွယ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆေးပညာ၊ စက်မှု၊ စိုက်ပျိုးရေးစသည့် ကဏ္ဍအစုံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရပ်များကို အခြေခံပညာမှစ၍ လေ့လာသင်ယူပြီး စနစ်တကျအသုံးချရန်လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်ပြီး နိုင်ငံတော်အတွက်အားကိုးရသည့် သားကောင်း သမီးကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-12 သို့ တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆေးဝါးကုန်ကြမ်းများကို ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များနှင့်အညီ တင်ဒါခေါ်ယူ၍ ဝယ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးစက်ရုံများသို့ ကုန်ကြမ်းများနှင့် စက်ပစ္စည်းများ တင်သွင်းနေသည့် ကုမ္ပဏီများအနေဖြင့် ရရှိသည့်အမြတ်အစွန်းအချို့ကိုလည်း လူမှုတာဝန်သိမှုလုပ်ငန်း (Corporate Social Responsibility -CSR) တို့တွင် အသုံးပြုစေလိုကြောင်း၊ ဆေးဝါးစက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆေးဝါးကုန်ကြမ်းများနှင့် စက်ပစ္စည်းများတင်သွင်းနေသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် စက်ရုံမှူးတို့က ကုမ္ပဏီများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုအခြေအနေကို ပြန်လည်ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ MSME ဗဟို ဌာန၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စား လှယ် Mr. Vladimir Kazadaev နှင့်တွေ့ဆုံ၍ အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) အမြန်ဆုံး ပြန်လည် စတင်လည်ပတ်နိုင်ရေး၊ ပတ်ဝန်းကျင်နှင့်လူတို့အား ထိခိုက်မှုမရှိသည့် နည်းစဉ်ဖြင့် Crysotile များကို စက်ရုံတည်ဆောက်၍ ထုတ်လုပ်နိုင်ရေး၊ နေကြာနှင့်ဝါစေ့မှ စားသုံးဆီများ ထုတ်လုပ်နိုင်ရေးတို့အတွက် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)