ရွှေတောင်မြို့နယ်တွင် အခြေခံပညာ Grade -5 နှင့် Grade -9 စာမေးပွဲဆိုင်ရာလုပ်ငန်းများအားထပ်ဆင့် ရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အခြေခံပညာ Grade -5 နှင့် Grade -9 စာမေးပွဲဆိုင်ရာလုပ်ငန်းများအားထပ်ဆင့် ရှင်းလင်းပွဲကျင်းပ



MNP  ၊ ဇန်နဝါရီ-၂၀

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ အခြေခံပညာနှင့် စိုက်ပျိုးရေး၊မွေးမြူရေး အထက် တန်းကျောင်း ၊ ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာ  Grade -5 နှင့် Grade -9 စာမေးပွဲဆိုင်ရာ လုပ်ငန်းများအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပခဲ့သည်။

       အခမ်းအနားတွင် အထကကြာနီကန် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက စာမေးပွဲမကျင်းပမီ ဆောင်ရွက်ရမည်လုပ်ငန်းများ၊ အထက ယင်းမူကုန်းကျောင်းအုပ်ဆရာမကြီး       ဒေါ်ခင်စန်းမြင့်က ကြီးကြပ်ရေးမှူးနှင့်ရုံးအဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စာမေးပွဲခန်းစောင့်ကြပ်သူလက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊  အထက ရွှေဟင်္သာကျောင်းအုပ်ဆရာမကြီး ဒေါ် မော်နီဝင်းက စာမေးပွဲခန်းပြင်ပစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လုံခြုံရေး ( ဂိတ်) စောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အမက ဝါးတော ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းက သန့်စင်ခန်းကြီးကြပ်သူလက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စာဖြေသူလိုက်နာရန် စည်းကမ်းချက်များ ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးထွဋ်က စာမေးပွဲကျင်းပပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်  အထက်တန်း ၊အလယ်တန်း၊မူလတန်းကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများနှင့်အထက်တန်း  ဆရာ ၊ဆရာမများ က သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

             ထို့နောက် ရွှေတောင်မြို့နယ်ပညာရေးမှူး  ဦးကျော်ဦးက  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အဆိုပါ Grade -5 နှင့် Grade -9 စာမေးပွဲဆိုင်ရာ လုပ်ငန်းများအား ထပ်ဆင့်ရှင်းလင်းပွဲသို့ အထက်တန်း ၊အလယ်တန်း၊မူလတန်းကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများနှင့်အထက်တန်း ဆရာ ၊ဆရာမများ(၁၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)