ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၆,၅၄၅ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ် ၆,၅၄၅ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များနှင့် ခြောက်လုံးပြူးသေနတ် ၁ လက် ဖမ်းဆီးရမိ



MNP ၊ ဇန်နဝါရီ ၉

ဇန်နဝါရီလ ၆ ရက်နေ့ ၀၈၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မျိုးသက်ကို မောင်းနှင်လာသည့် Probox အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ခန်းရှိ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်း ဆေးဝါး Happy Water ၅ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၄၁၅ အချိန် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်သည့် စိုင်းကောရ(ခ)စိုင်းခမ်းမတ် အား နမ့်စန်မြို့အဝင်၊ နမ့်စန်-ခိုလမ်သွားကားလမ်းတွင် TOYOTA CROWN မော်တော်ယာဉ် ၁ စီး၊ ခြောက်လုံးပြူး သေနတ်(၁)လက်၊ ၎င်းကျည်(၂၃)တောင့် နှင့်လည်းကောင်း၊ ၁၄၄၅ အချိန် မိုးသက်ကို(ခ)ဘိုင်ဘိုင်း အား လွိုင်လင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် မျိုးသက်ကို(၃၇)နှစ်၊ စိုင်းကောရ(ခ) စိုင်းခမ်းမတ်(၂၉)နှစ်နှင့် မိုးသက်ကို(ခ)ဘိုင်ဘိုင်း(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)