ကုန်တင်ရထားတစ်စင်းအား KNU/PDF အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကုန်တင်ရထားတစ်စင်းအား KNU/PDF အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး

003

005


MNP ၊ ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ကုန်တင်ရထားအား KNU/PDF အကြမ်းဖက်အဖွဲ့များက မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ယနေ့  နံနက် (၈ ၀၀) နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ် ကျောက်တံခါးမြို့နှင့် (၃)မိုင်(၄)ဖာလုံခန့်အကွာ၊  ဟာရီးကျေးရွာအုပ်စု၊ ဘာဘူကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်း ကြေးနန်းမိုင်တိုင် အမှတ် ၁၀၃/၁၂ နှင့် ၁၀၃/၁၃ ကြားရှိ မီးရထားသံလမ်းအား KNU/PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့သွားသော ကုန်တင်မီးရထား(၁)စီး လမ်းချော်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ရာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းဆွေနှင့် ဦးဝင်းမြင့်ထွန်း၊ လက်ထောက် စက်ခေါင်းမောင်း ဦးမော်ကွန်းနှင့် ဦးပြည့်စုံအောင်၊ ရထားထိန်း ဦးမင်းဇော်တို့မောင်းနှင် လိုက်ပါလာသော အမှတ် (၉၀၁) ရန်ကုန်-မန္တလေးသွား အဆန်မီးရထား(ကုန်တင်မီးရထား) စက်ခေါင်းအမှတ် DF-1367 ပါတွဲ(၃၅)တွဲသည် အခင်းဖြစ်နေရာသို့ ရောက်ရှိစဉ် KNU/PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မှထောင်ထားသော မိုင်းပေါက်ကွဲသဖြင့် မီးရထားခေါင်းတွဲ DF-1367 နှင့် ခေါင်းတွဲနောက်ရှိ y G3HV-405891 G3HV-407391 G3HV-40726 တို့သည် (၂၀)ဒီဂရီခန့် တိမ်းစောင်းနေပြီး မီးရထားအရှေ့ဘက်ခြမ်းသံလမ်း အရှည်(၈)ပေခန့်မှာ ကွေးသွားပြီး အနောက်ဘက်ခြမ်းသံလမ်း အရှည်ပေ(၅၀)ခန့်မှာ အရှေ့ဘက်သို့(၁)ပေခန့် နေရာရွေ့၊ ဇလီဖာတုံး(၆)တုံးခန့် ပျက်စီး၊ ဇလီဖာတုံး(၇၂)တုံးခန့် နေရာရွေ့သွားပြီး မီးရထား ပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်းသိရသည်။ 


အခင်းဖြစ်နေရာ ပတ်ဝန်းရှိကျေးရွာများတွင် အကြမ်းဖက်သမားများခြေကုပ်ယူ စခန်းချလျှက်ရှိပြီးအနီးရှိ တပ်စခန်းများ၊ လမ်းတံတားများ၊ ကျေးရွာများသို့ဝင်ရောက်၍ အကြမ်းဖက်လုပ်ရက်များအား မကြာခဏ ပြုလုပ်လျှက်ရှိသဖြင့် ငြိမ်းချမ်းစွာနေထိုင်နေသော ဒေသခံပြည်သူအများမှ စိုးရိမ်လျှက်ရှိသည်။


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Pages