MNP ၊ ဇန်နဝါရီ ၁၇
MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်းအပေါ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ဆန္ဒပြ ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး နယ်မြို့များတွင်လည်း ဆန့်ကျင် ကန့်ကွက်ရှုတ်ချ၍ MNDAA အကြမ်းဖက်အဖွဲ့ကို အပြီးအပြတ် နှိမ်နင်းပေးရန် တောင်းဆိုလျက်ရှိသည်။
ယနေ့ မင်းဘူးမြို့တွင် သံဃာတော်များနှင့် ပြည်သူများက MNDAA အကြမ်းဖက်အဖွဲ့၏ ဗုဒ္ဓဘာသာဝင်များအပေါ် အောက်တန်းကျ ယုတ်မာရိုင်းစိုင်းစွာ စော်ကားခဲ့သော လုပ်ရပ်အပေါ် ကန့်ကွက် ရှုတ်ချခဲ့ကြသည်။
MNDAA အကြမ်းဖက်အဖွဲ့ဝင်များသည် ရွှေတိဂုံပုံတူ စေတီတော်ကို ပေါင်တူနှင့်ထု၍ ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ထုခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး ရှမ်းပြည်(မြောက်ပိုင်း)တွင် ဘုရားဖြစ်လျင်ပင် ပျက်စီးစေရမည် ဟု တရုတ်ဘာသာဖြင့် ရေးသား၍ ဖော်ပြမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
မြို့ကြီးများနှင့် မြို့နယ်အသီးသီးတွင် ဘာသာရေးစော်ကားမှုများ လုပ်ဆောင်နေသည့် MNDAA အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ထိရောက် ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် တောင်းဆိုနေကြသော်လည်း အစိုးရနေဖြင့် သံဃာတော်များနှင့် ပြည်သူများ၏ တောင်းဆိုမှုအပေါ် မည်သို့ အလေးထားဆောင်ရွက်သွားမည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
https://t.me/MyanmarNationalPost
No comments:
Post a Comment