PNLO အဖွဲ့သည် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ ထုတ်ပြန်နေကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသဘောထားထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PNLO အဖွဲ့သည် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ ထုတ်ပြန်နေကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသဘောထားထုတ်ပြန်



MNP ၊ ဇန်နဝါရီ ၂၈

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ က PNLO အဖွဲ့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် PNLO အဖွဲ့သည် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ ထုတ်ပြန်ကြေညာနေကြောင်း ပြောဆိုထားသည်။


၂၁-၁-၂၀၂၄ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ယူနီဖောင်းဝတ်ဆင်သူများ သယ်ဆောင်လာသည့် တရားမဝင်လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ PNLO အနေဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းသည် NCA ပါ သဘောတူညီချက်များနှင့် ဆန့်ကျင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCA ပါ သဘောတူညီချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး လက်အောက်ခံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအား အထူးအလေးထား စစ်ဆေးကြပ်မတ်ထိန်းသိမ်းပါရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ၂၃-၁-၂၀၂၄ ရက်တွင် PNLO အဖွဲ့ထံ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုရှေးရှုလျက် သတိပေးအကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ယခုအခါ PNLO အဖွဲ့သည် လူမှုကွန်ရက်မီဒီယာများ၌ ၂၆-၁-၂၀၂၄ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ၊ အစိုးရဆန့်ကျင်လှုပ်ရှားမှုများကို အားပေးထောက်ခံသည့် ရေးသားဖော်ပြချက်များ ထုတ်ပြန်ထားကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ PNLO အဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ပြီး နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော်ဆောင်ပါရန် ငြိမ်းချမ်းရေးရည်သန်စိတ်ဖြင့် အလေးအနက်ထား တိုက်တွန်းပါကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ က ထုတ်ပြန်ထားသည်။


နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိခဲ့သည့်အပြင် ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ပါကြောင်း၊ ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။


MNP News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)