ဟိုပုံးမြို့နယ်အတွင်း PNLO အဖွဲ့က တရားမဝင် သယ်ဆောင်လာသော လက်နက်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်အတွင်း PNLO အဖွဲ့က တရားမဝင် သယ်ဆောင်လာသော လက်နက်များ ဖမ်းဆီးရမိ






MNP ၊ ဇန်နဝါရီ ၂၁

ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွားအနီး တရားမဝင် လက်နက်သယ်ဆောင်လာကြောင်း သတင်းရရှိသည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ PNO ပြည်သူ့စစ်  ပူးပေါင်းအဖွဲများအသင့်စောင့်ဆိုင်း စစ်ဆေးခဲ့ရာ PNLO အဖွဲ့က အကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် PNLO အဖွဲ့မှ မောင်လှ ဦးစီး အင်းအား၃၀ ဦးတို့ဟာ ကား ၅ စီးဖြင့် ရောက်ရှိလာသည့်အတွက် စစ်ဆေးစဉ် မောင်လှအဖွဲ့မှ စစ်ဆေးမှု မခံယူဘဲ ပူးပေါင်းအဖွဲကို စတင်ပစ်ခတ်ခဲ့ကြောင်း၊ မောင်လှအဖွဲ့မှ စတင်ပစ်ခတ်သည့်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLO မောင်လှအဖွဲထံမှ  လက်နက်ကြီး/ လက်နက်ငယ်/ ခဲယမ်း မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့် ပတ်သက်၍ မသိရသေးပေ။


Photo Crd -

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)