ရွှေတောင်မြို့နယ်တွင် နွေစပါးYAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါးYAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်





MNP ၊ ဇန်နဝါရီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ၊ကွင်းအမှတ် ( ၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဌေး၏ လယ်မြေတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ၏ ကြီးကြပ်မှုဖြင့် နွေစပါးYAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ၊စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု   ကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်က နွားမယံကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ အနေဖြင့် နွေစပါးစိုက်ပျိုးရာတွင် ပျိးထောင်စိုက်ပျိုးခြင်း၊ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ၊ Drum Seeder လက်ဆွဲကောက်စိုက်ကိရိယာတို့ဖြင့်သာစိုက်ပျိုးရန်နှင့်ကြဲခင်းစိုက်ပျိုးခြင်းများ လုံးဝ ( လုံးဝ) စိုက်ပျိုးခြင်း မပြုလုပ်ရန် ဆွေးနွေးမှာကြားခဲ့သည်။

    အဆိုပါ နွေစပါးYAR-14 ပျိုးဗန်းဖြင့် ပျိုးထောင်သည့်နေရာသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ပါ ဌာနဆိုင်ရာများ ၊နွားမယံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် နွေစပါးစိုက်တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအာင်

 နှင့်ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၄၀)ဦးခန့်တက်ရောက်ခဲ့ပြီး နွေစပါး( ၅.၀၀) ဧကတွင် ပျိုးဗန်းဖြင့် ပျိုးထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)