AA အဖွဲ့ဝင် အကြမ်းဖက်သမားများဆေးလာကုနေသည်ကို ဒေသခံ ရွာသားများက ရွာပြင်မောင်းထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အဖွဲ့ဝင် အကြမ်းဖက်သမားများဆေးလာကုနေသည်ကို ဒေသခံ ရွာသားများက ရွာပြင်မောင်းထုတ်



MNP ၊ ဖေဖော်ဝါရီ ၅

ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအုပ်စု၊ ပြားကျွိန်ကျေးရွာသို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် AA အဖွဲဝင် အကြမ်းဖက်သမား ၄ ဦး လာရောက်ဆေးခိုးကုနေသည်ကို ရွာခံများက သိရှိပြီး AA  အကြမ်းဖက်အဖွဲ့ဝင်များ ကျေးရွာတွင်း နေထိုင်ခြင်းမပြုရန် မောင်းထုတ်လိုက်ကြောင်း သိရသည်။

ရွာသားများက ကျေးရွာတွင်း နေထိုင်ခြင်းမပြုရန် ကန့်ကွက်မောင်းထုတ်သဖြင့် လူနာလာပို့သော AA အကြမ်းဖက်သမားများ ရွာ၏အနောက်ဘက် ချောင်းတစ်ဖက်ကမ်းရှိ နေရာသို့ ယမန်နေ့ ညနေပိုင်းတွင် ပြောင်းရွှေ့သွားကြသည်ဟု ရွာသားတစ်ဦးက ပြောကြားခဲ့သည်။

ဒဏ်ရာရ AA အကြမ်းဖက်သမား ၄ ဦးထဲတွင် စစ်ကြောင်မှူးအဆင့်ရှိ အကြမ်းဖက်ခေါင်းဆောင်တစ်ဦး ပါဝင်ပြီး ရွာအတွင်းရှိ ULA တာဝန်ခံ စိုးညွန့်အောင်၏ နေအိမ်တွင် နေထိုင်၍ ဆေးကုနေသော်လည်း ဆေးဝါးမစုံလင်မှု၊ ဒဏ်ရာပြင်းထန်မှုကြောင့် မကြာခင်သေဆုံးနိုင်ဖွယ်ရှိကြောင်း ရွာသားများထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)