AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်မှု ကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ များရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်မှု ကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ များရရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေးအတွင်း၌ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှု ကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု များ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက သွားရောက် တွေ့ဆုံ၍ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများအား စစ်တွေမြို့ နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေ လျက်ရှိသည်။

ထို့ပြင် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက် တွင်လည်း ပုဏ္ဏားကျွန်းမြို့သို့ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တွေ တပ်နယ်ဘက်သို့လည်း လက်နက်ကြီးများဖြင့် လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် တပ်နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်း မရှိကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)