ကျောက်ဆည်ခရိုင် ၂၀၂၃-၂၀၂၄ ခုနှစ် ပဲမျိုးစုံ စုစုပေါင်း (၁၈၁၂၃၇)ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင် ၂၀၂၃-၂၀၂၄ ခုနှစ် ပဲမျိုးစုံ စုစုပေါင်း (၁၈၁၂၃၇)ဧက စိုက်ပျိုးပြီးစီး

 



MNP ၊ ဖေဖော်ဝါရီ  ၂၈


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပဲမျိုးစုံစုစုပေါင်း(၁၈၁၂၃၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၉၄၁၁၇၂)တင်းထွက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်ခရိုင်တွင် ပဲသီးနှံမျိုးစုံဖူလုံပိုလျှံရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ တောင်သူများပူးပေါင်း၍ ပဲမျိုးစုံ(၁၆၁၅၆၁)ဧက စိုက်ပျိုးရန်လျာထားခဲ့သော်လည်း (၁၈၁၂၃၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရိတ်သိမ်းပြီးစီးမှုအနေဖြင့်(၅၇၀၂၅)ဧက ရိတ်သိမ်းပြီးကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၆.၅၀)တင်းထွက်ရှိပြီး စုစုပေါင်း(၉၄၁၁၇)တင်းထွက်ရှိကြောင်း ကျောက်ဆည် မြို့နယ်တွင် ပဲမျိုးစုံ(၇၈၉၁၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ပဲမျိုးစုံ(၃၆၉၀၀)ဧက၊ မြစ်သားမြို့နယ်တွင် ပဲမျိုးစုံ(၆၅၄၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပဲမျိုးစုံစုစုပေါင်း(၁၈၁၂၃၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် (၁၆၇၃၇၅)ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် ပဲသီးနှံများ အောင်မြင်ရေးနှင့် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေအတွက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် ပဲမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်များမှန်ကန်ရေး နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)