ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်သူမျး အထူးသတိပြုရန်လိုအပ်ကြောင်း မြဝတီမြို့ခံတစ်ဦးမှပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်သူမျး အထူးသတိပြုရန်လိုအပ်ကြောင်း မြဝတီမြို့ခံတစ်ဦးမှပြော

052

053

054

055

056


MNP ၊ ဖေဖော်ဝါရီ ၂၃

ထိုင်းနိုင်ငံဘက်သို့ တရားမဝင်သွားရောက်သူများ လူမှောင်ခို၊ လူပွဲစားများကို အထူးသတိပြုရန် လိုအပ်ကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။

မြဝတီမြို့ခံတစ်ဦးက "ထိုင်းနိုင်ငံဘက်ကို အလုပ်သွားလုပ်ကြတာ တော်တော်များပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ထဲက အများဆုံးသွားကြတာ ရှိသလို တခြားဒေသက လာကြသူတွေလည်း ရှိတယ်။ အခုက ဒီဘက်မှာ နယ်စပ်ဒေသတလျှောက် တရားမဝင် လုပ်ငန်းတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင်တွေ၊ KNU, KNLA, PDF အစရှိတဲ့အဖွဲ့တွေက သူတို့က တရားဝင် ပို့ဆောင်ပေးနေသလိုလို အောက်လမ်းက သွားမယ့်သူတွေကို ဟိုဘက်မှာ အလုပ်ရမယ်ပြောပြီး ငွေကြေးလိမ်လည်တာတွေ များလာတယ်။ တစ်ဖက်မှာလည်း ထိုင်းရဲက တရားမဝင် အောက်လမ်းကလာသူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်။ အဲဒီတော့ဗျာ NUG အဖွဲ့က လူတွေ၊ KNU အဖွဲ့က လူတွေနဲ့ ချိတ်ဆက်ပြီးသွားတာ အင်မတန် အန္တရာယ်များတယ်။ အကြမ်းဖက်လှုပ်ရှားမှုနဲ့ပါ ငြိစွန်းနိုင်တယ်ပေါ့ဗျာ။ သွားကြတာကို မတားလိုပါဘူး။ တစ်ဖက်မှာ ကိုယ့်ဆွေမျိုးသားချင်းရှိမယ်၊ တာဝန်ယူမယ့်သူရှိလို့ သွားတာ ပြဿနာမဟုတ်ဘူး။ ဖမ်းဆီးအရေးယူခံရရင် ငွေလည်းဆုံး၊ လူလည်းဒုက္ခရောက် ဖြစ်ရမယ်။ ထိုင်းဘက်ကို သွားတဲ့သူတိုင်းလည်း အဆင်ပြေတာတော့ မဟုတ်ပါဘူး။ လုပ်ငန်းကိုင်ငန်း ကောင်းသွားရင်တော့ အဆင်ပြေမယ်။ အတိဒုက္ခရောက်နေရသူတွေလည်း အများကြီး ရှိပါတယ်။" ဟု ပြောသည်။

တရားဝင်နည်လမ်းမှ သွားခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း၊ NUG နှင့် ဆက်စပ်သည့် အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်သမားများက ကိုယ့်တိုင်းရင်းသားအချင်းချင်းလည်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်မှုများ ရှိနေကြောင်း၊ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရကြောင်း သုံးသပ်ပြောဆိုသည်။


#News

No comments:

Post a Comment

Donate and Support

Pages