မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး အတန်းတင်စာမေးပွဲဖြေဆိုနေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး အတန်းတင်စာမေးပွဲဖြေဆိုနေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

 

%E1%81%89

MNP ၊ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အတန်းတင်စာမေးပွဲဖြေဆိုနေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းသား(၅၄)ဦးနှင့် ဒုတိယနှစ်သင်တန်းသား(၇၂)ဦး စုစုပေါင်း(၁၂၆)ဦး အတန်းတင်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကျောင်းအတွင်း တည်ဆောက်လျက်ရှိသည့် စာသင်ဆောင်နှင့် သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages