ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သိမ်ဖြူသင်္ဘောကျင်းနှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ လေးလမ်းသွားဖောက်လုပ်နေမှုအခြေအနေများကို စစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန်မြို့ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သိမ်ဖြူသင်္ဘောကျင်းနှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ လေးလမ်းသွားဖောက်လုပ်နေမှုအခြေအနေများကို စစ်ဆေး

003


MNP ၊ ဖေဖော်ဝါရီ ၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် (၆-၂-၂၀၂၄)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးချုပ်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သိမ်ဖြူသင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သီလဝါဆိပ်ကမ်း ဧရိယာရှိ လေးလမ်းသွားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သိမ်ဖြူသင်္ဘောကျင်းသို့ သွားရောက်၍ သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာရှိ လေးလမ်းသွား ဖောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် လေးလမ်းသွားတိုးချဲ့ရေးတာဝန်ယူဆောက်လုပ်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လမ်းတိုးချဲ့ခြင်းနှင့်အတူ လမ်းလယ်တွင် ဓာတ်မီးတိုင်များ တပ်ဆင်ခြင်း၊ မြေအောက်လျှပ်စစ်ကြိုးများ ထည့်သွင်းခြင်းလုပ်ငန်းများပါဝင်သည့်အတွက် သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးဌာနနှင့်လည်း ကြိုတင်ညှိနှိုင်းဆောက်ရွက်သွားရန်၊ တည်ဆောက်ပြီး လုပ်ငန်းများကို တတိယအဖွဲ့အစည်းဖြင့် စစ်ဆေးဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အမီ စံချိန်/ စံညွှန်းနှင့်အညီ ပြီးစီးစေရေးမြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages