မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြောင်းမြအကျဉ်းထောင်၊ မြောင်းမြမြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းနှင့် လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြောင်းမြအကျဉ်းထောင်၊ မြောင်းမြမြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းနှင့် လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး





MNP ၊ ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့  ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဖေဖော်ဝါရီ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း အချုပ်ခန်းနှင့် တရားရုံး အချုပ်ခန်းသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် မြောင်းမြမြို့ရှိ မြောင်းမြ အကျဉ်းထောင်သို့လည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ လပွတ္တာလူငယ့်အားမာန် သင်တန်းကျောင်းသို့ လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြောင်းမြရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ မိသားစုတွေ့ဆုံမှုအခြေအနေ၊ ရုံးထုတ် နေမှုအခြေအနေ၊ ရုံးထုတ်ကာလအတွင်း စားသောက်မှုအခြေအနေနှင့် အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုအခြေအနေ တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  မြောင်းမြအကျဉ်းထောင်အား  ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌ ရေးစောင့်ရှောက်မှု ရှိ မရှိ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ လုံလောက်မှု ရှိ မရှိ၊ မိသားစု နှင့်တွေ့ဆုံခွင့် အခြေအနေ၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု အခြေအနေ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့သည်။

အကျဉ်းထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀ ကို ကော်မရှင်မှ လှူဒါန်းခဲ့သည်။

လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးစဉ် သင်တန်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောရေရရှိ အောင် ဆောင်ရွက် ပေးနေမှုအခြေအနေ၊ နိုင်ငံသားစိစစ်‌ရေးကတ်ပြားရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြုစုစောင့်ရှောက်ပေးမှု အခြေ‌အနေနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်း ကျောင်းပညာသင်ကြားခွင့်၊ လေ့ကျင့်ပြုစု စောင့်ရှောက်ပျိုးထောင်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စသည့် အခြေခံလူ့အခွင့်အ‌ရေးများ ရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)