မြစ်သားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(တတိယနေ့)ဆက်လက် သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(တတိယနေ့)ဆက်လက် သင်ကြား



MNP ၊ ဖေဖော်ဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME   စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် အချက်နှင့်အညီ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တ‌လေးတိုင်းဒေသကြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တတိယနေ့ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမ ဒေါ်သူဇာဝင်းနှင့် ဒေါ်နိုင်းလိုင်းတို့က ရေချိုးဆပ်ပြာရည်၊ ထောပတ်သီး၊ ကော်ဖီ၊ ပျားရည်မျက်နှာသစ်ဆပ်ပြာခဲများကို ပြုလုပ်ရာတွင် ပါဝင်မည့်ပစ္စည်းများအချိုးအစားအသုံးပြုပုံအဆင့်ဆင့်ကို သင်တန်းသားများကို စာတွေ့သင်ကြားပေးပြီးနောက် သင်တန်းသားတစ်ဦးချင်းစီ လက်တွေ့ပြသ သင်ကြားပေးခဲ့သည်။

မြို့ပြကျေးလက်ဒေသများတွင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများထူထောင်နိုင်ရန်လိုအပ်သော အသက်မွေးဝမ်းကြောင်း အတတ် ပညာများ သင်ကြားပို့ချခြင်းအပြင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ နည်းပညာအရင်းအနှီးနှင့် စျေးကွက်ရရှိရေးဆောင်ရွက်ပေးလျက်ရှိရာ သင်တန်းပြီးဆုံးသည့်အခါ လူသုံးကုန်ထုတ်လုပ်နိုင်အောင် မိသားစုများတပိုင်တနိုင်လုပ်ငန်းများ  ထူထောင်ပြီး ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)