စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 


MNP  ၊ ဖေဖော်ဝါရီ  ၆

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအမျိုးမျိုးအား ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအရပ်ရပ်သည် လူသားတို့၏ လုပ်ဆောင်ချက်များအပေါ် မြစ်ဖျားခံလျက်ရှိပါကြောင်း၊ လူသားတို့၏ လိုအပ်ချက်အမျိုးမျိုးအတွက် သဘာဝသယံဇာတများကို မဆင်မခြင် ထုတ်ယူသုံးစွဲလာခဲ့သည့်အတွက် သဘာဝသယံဇာတပစ္စည်းများသည် တဖြည်းဖြည်း လျော့ပါးလာခဲ့ပါကြောင်း၊ ပတ်ဝန်းကျင် ယိုယွင်းဆုတ်ယုတ်လာမှုသည် ယနေ့လူသားတို့အတွက်သာမက နောင်အနာဂတ် မျိုးဆက်သစ်များအတွက်လည်း များစွာထိခိုက်စေပါကြောင်း၊ လူသားများအားလုံးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မှလည်း ပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းစေရန်အတွက် ဂရုပြုဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများအား ပြန်လည်ဖြန့်ဝေပေးနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နိုင်သည့် လူငယ့်ခေါင်းဆောင်များ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် မြေ၊ ရေ၊ လေ ညစ်ညမ်းမှုများအား စစ်ဆေးသည့် စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ရက်သတ္တပတ် ၄ ပတ်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)