ဂွမြို့ ကင်းရုံးရပ်ကွက် နန္ဒရံသီကင်းရုံးကျောင်းတွင် နိဗ္ဗာန်စျေး ပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့ ကင်းရုံးရပ်ကွက် နန္ဒရံသီကင်းရုံးကျောင်းတွင် နိဗ္ဗာန်စျေး ပွဲတော် ကျင်းပ






MNP ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ကင်းရုံးရပ်ကွက်ရှိ နန္ဒရံသီကင်းရုံးကျောင်းတိုက်  အတွင်း၌ နှစ်စဥ် ပြုလုပ်မြဲဖြစ်သော နိဗ္ဗာန်စျေး ပွဲတော်ကို ၁၃၈၅- ခုနှစ်၊ တပို့တွဲ  လပြည့်နေ့၊ ယမန်နေ့ နံနက်ပိုင်းမှ  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

နန္ဒရံသီကင်းရုံးကျောင်းတိုက်၏ (၄၉)ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲတော်ကို တပို့တွဲလပြည့်နေ့မှ လပြည့်ကျော်(၄)ရက်နေ့အထိ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအဖြစ် ဖွင့်ပွဲနေ့တွင်  နှစ်စဥ်နှစ်တိုင်းနိဗ္ဗာန်စျေး ပွဲတော်ကို ရပ်ကွက်အတွင်းရှိအလှူရှင်များ ပေါင်းစုကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)