နေမျိုးဇင်လို အမျိုးယုတ် သစ္စာဖောက် လမ်းစဉ်နောက် လိုက်ကြမှာလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေမျိုးဇင်လို အမျိုးယုတ် သစ္စာဖောက် လမ်းစဉ်နောက် လိုက်ကြမှာလား



ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေ၊ ပြည်ဖျက်မီဒီယာတွေ ပေါများလွန်းလို့ ထိုအထဲမှ အများပြည်သူ သတိပြုသင့်သော အမျိုးယုတ်များအကြောင်းကို ကောက်နှုတ်ဖော်ပြပေးခဲ့ပါတယ်။ သတင်းမီဒီယာနယ်ပယ်က အမျိုးယုတ် ခွေးသူတောင်းစား ဆွေဝင်း၊ သာလွန်ဇောင်းထက် တို့ ကဲ့သို့သော လူယုတ်မာများအကြောင်း ရေးသားပြဆိုခဲ့ပါတယ်။ နိုင်ငံရေးလုပ်စားသူတွေထဲမှာဆိုရင် ပရော်ဖက်ရှင်နယ် နိုင်ငံရေးလှုံ့ဆော်သူ မင်းကိုနိုင်၊ ပြည်ပြေး ဝရမ်းပြေး ပန်ဆယ်လို (ခ) ဖာမ တို့ရဲ့ လုပ်ရပ်တွေကို ကောက်နှုတ်ဖော်ပြပေးခဲ့ဖူးပါတယ်။

ပြည်ဖျက်မိစ္ဆာ အမျိုးယုတ်တွေထဲမှာ နောက်ထပ် သတိပြုသင့်တဲ့ သူတစ်ယောက်ကတော့ ဗိုလ်ပြုတ် ကြာကူလီ နေမျိုးဇင်အကြောင်း ဖြစ်ပါတယ်။ နေမျိုးဇင် ဟာ နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး နိုင်ငံရေးလုပ်စားနေတာတော့ ကြာခဲ့ပါပြီ။ နေမျိုးဇင် ဟာ လက်ပတောင်းတောင်မှာ အာကျယ် အာကျယ် လုပ်ရာကနေ နိုင်ငံရေးလှုပ်ရှားသူတွေကြားထဲမှာ တစ်နေရာ ရလာခဲ့သူ ဖြစ်ပါတယ်။ 

နိုင်ငံရေးလုပ်စားမယ့်သူဟာ ပွဲရှာရတယ်။ လက်ပတောင်းတောင်ဆိုလည်း နေမျိုးဇင်တို့ ရောက်သွားလိုက်တာပဲ။ ဧရာဝတီတိုင်းဘက်က လယ်ယာမြေကိစ္စတွေဆိုလည်း နေမျိုးဇင်တို့ ရောက်သွားလိုက်တာပဲ။

သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ခိုးဝင်ဘင်္ဂလီတွေ က လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာတဲ့အချိန်မှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်များက အိုအိုင်စီကန့်ကွက်ပွဲ၊ လူမျိုးလိမ်ကန့်ကွက်ပွဲတွေ လုပ်ကြတယ်။ နေမျိုးဇင် က အဲဒီပွဲတွေကို လာတယ်။ ပြီးတဲ့အခါမှာ အမျိုးသားရေးလှုပ်ရှားသူတွေကို ဦးဆောင်မှု မဲ့နေတဲ့ အမျိုးသားရေးဝါဒီလေးတွေဆိုတဲ့ ပုံစံမျိုး ရေးသားခဲ့တာမျိုးတွေ ရှိတယ်။ နောက်ပိုင်းတော့ ခွေးသူတောင်းစားဟာ လူမျိုးလိမ်အမည်တစ်လုံးနဲ့ လုပ်စားတဲ့ ပြည်ဖျက်မိစ္ဆာတွေနဲ့ ပေါင်းပြီး အလိုတူအလိုပါ ဖြစ်သွားတာကို တွေ့ရတယ်။

တပ်မတော်သားတစ်ယောက်ဖြစ်ပြီး တပ်မတော်ကို ဖောင်းထုတယ်။ တပ်မတော်ထဲမှာ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ ကြာကူလီလုပ်ခဲ့တဲ့ လုပ်ရပ်ကိုတော့ ဖွင့်ဟမပြောရဲရှာဘူး။ သို့ပေသော်လည်း သစ္စာဖောက် အမျိုးယုတ် နေမျိုးဇင် နဲ့ နီးစပ်ခဲ့တဲ့ တပ်မတော်အရာရှိတွေရဲ့ ပြောကြားချက်အရပဲ နေမျိုးဇင်အကြောင်းကို ပြန်သိခဲ့ရပါတယ်။

အခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့ထဲမှာ သွားရောက်ခိုလှုံပြီး နေမျိုးဇင် အာချောင်နေတဲ့ ရုပ်သံတွေကိုလည်း တွေ့လာရပါတယ်။ နေမျိုးဇင် က အာချောင်ရဲတယ်။ ပြောရဲတယ်ဆိုပြီး တချို့က နီပိန်းတွေရဲ့ အထင်ကြီး လေးစားခြင်းကိုတော့ ခံရတာပေါ့ဗျာ။

နေမျိုးဇင် အာချောင်တာ လွတ်မြောက်နယ်မြေကို ရောက်မှ အာချောင်တာ၊ သူ့အတွက် အကာအကွယ်ရတဲ့အချိန်ရောက်မှ အာချောင်ရဲတာကိုတော့ နီပိန်းတွေ မသိကြဘူး။ နစကအစိုးရလက်ထက် မှ နေမျိုးဇင်ကို လွတ်ငြိမ်းပေးခဲ့တယ်။ နေမျိုးဇင် လွတ်မြောက်လာတဲ့အချိန်ဟာ နီပိန်း ပဒက်တွေ အကြမ်းဖက်လုပ်ရပ်တွေ အလွန်အကြူးလုပ်ဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ သို့ပေသော် ရန်ကုန်မြို့၊ တောင်ဒဂုံမှာ ရှိနေတဲ့ နေမျိုးဇင် အကြမ်းဖက်လှုပ်ရှားမှုကို အားပေးကြောင်း၊ ထောက်ခံကြောင်း တစ်ခွန်းတစ်ပါဒမျှ မဟရဲပါဘူး။ အဲဒီလို ငြိမ်ကုတ်နေပြီး လွတ်မြောက်နယ်မြေကို ပြေးဖို့ ကြိုးစားတယ်။ ဝရမ်းပြေးတွေရဲ့ နောက်ကို အမီလိုက်ဖို့ပေါ့။ ၆လလောက် အကြာမှာ နေမျိုးဇင်ရဲ့ ရုပ်သံတွေ လူမှုကွန်ရက်စာမျက်နှာ ထွက်ပေါ်လာတယ်။ သစ္စာဖောက် ခွေးသူတောင်းစား လွတ်မြောက်နယ်မြေကို ရောက်သွားပြီ။ အာချောင်းပြီး အလှူခံပြီ။ 

အဲဒီလို အာချောင် အလှူခံနေရင်းက နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ ခဏတဖြုတ် ဝင်လာလိုက် အာချောင်တဲ့ ရုပ်သံလေးတွေ ထုတ်လွှင့်ပြီး လုပ်ကွက်ပြတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ အားပေးမှုလည်း လိုအပ်တယ်။ ပံ့ပိုးမှုလည်း လိုချင်တဲ့အခါကြတော့ လူမြင်ကောင်းအောင် လုပ်ကွက်ပြတာပေါ့ဗျာ။

ဒီကာလမှာ နေမျိုးဇင် ရဲ့ အမျိုးယုတ် သစ္စာဖောက်လမ်းစဉ်နောက်ကို လိုက်ခဲ့ကြတဲ့ တပ်မတော်အရာရှိတွေလည်း ရှိပါတယ်။ ခေသူတွေတော့ မဟုတ်ပါဘူး။ ပြည်ပြေး ဝရမ်းပြေး ပရော်ဖက်ရှင်နယ် အကြမ်းဖက်လှုံ့ဆော်သူ မင်းကိုနိုင် နဲ့ လက်ရည်တပြင်တည်း အကြမ်းဖက်လှုံ့ဆော်နေကြတာကို တွေ့ရပါတယ်။ 

နေမျိုးဇင် အများပြည်သူကြားမှာ လူတတ်ကြီးလုပ်ပြီး အာဘောင်အာရင်းသန်သန် အာချောင်ခဲ့တာတွေ ရှိတယ်။ တချို့သော ပြည်သူများကလည်း နေမျိုးဇင်လို ကောင်မျိုးကို အားကိုးယုံကြည်ခဲ့ကြတယ်။ နေမျိုးဇင်နဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူတွေဟာ ပြည်သူလူထုကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ အလုပ်ကို လုပ်ကြတာကိုတော့ မသိကြဘူး။

တောင်ဒဂုံမှာ ဆိုရင် နေမျိုးဇင် နဲ့ NLD က တိုင်းဒေသကြီးလွှတ်တော်အမတ် ညီညီ တို့ဟာ အပြိုင်အဆိုင် အများပြည်သူကို ခုတုံးလုပ်ပြီး စီးပွားရှာကြသူတွေဖြစ်လို့ မတည့်ကြပါဘူး။ နေမျိုးဇင် က သူ့အိမ်ရှေ့မှာ (လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး)ဆိုတဲ့ ဆိုင်းဘုတ်ကြီးချိတ်ထားတယ်။ ပြည်သူလူထုရဲ့ လူမှုဘဝ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခြင်း ရှိ/ မရှိတော့ မသိပါဘူး။ သူကတော့ အဲဒီခေါင်းစဉ်နဲ့ သူ့မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားခဲ့ပါတယ်။ ထို့အတူပဲ NLD လွှတ်တော်အမတ် ညီညီ ဆိုတဲ့ ကောင်ကလည်း မိဘမဲ့ လမ်းဘေးကလေးတွေကို ပြုစုစောင့်ရှောက်ထားသယောင် ဆိုင်းဘုတ်ထောင်ထားပါတယ်။ ကူညီထောက်ပံ့မယ့် အဖွဲ့အစည်းတွေလာရင် လမ်းဘေးကလေးတွေကို အသည်းအသန်လိုက်ခေါ်တယ်။ အဝတ်အစား ဝတ်ပေးတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ လာရောက်ကူညီထောက်ပံ့သမျှကို မောင်ပိုင်စီးတယ်။ ကလေးတွေကို မုန့်ဖိုး ငါးရာ၊ တစ်ထောင်ပေးပြီး ပြန်လွှတ်တယ်။ ကလေးတွေကို ဝတ်ပေးထားတဲ့ အင်္ကျီပါ ပြန်ချွတ်ယူတယ်။ ကလေးတွေကလည်း ညီညီဟာ သူတို့ကို ဗန်းပြပြီး လုပ်စားနေတာ သိတော့ မလေးစားကြဘူး။ အခု ညီညီလည်း ပျောက်ချင်းမလှ ပျောက်နေတယ်။ လွှတ်တော်အမတ် ၅နှစ်တာ ကလအတွင်းမှာ အိမ်ယာမဲ့ ဘဝကနေ ခြံပိုင်၊ အိမ်ပိုင်၊ ကား ၃စီးလောက် ရှာဖွေသွားနိုင်တယ်။ သူခိုးကြီး ဖြိုးမင်းသိန်းနဲ့ နင်လား ငါလား သူခိုးလေ ညီညီ ဆိုရင်လည်း မမှားပါဘူး။

နေမျိုးဇင် ကတော့ တပ်ထဲကနေ ကြာကူလီမှုနဲ့ ထွက်ခဲ့ရပြီး နိုင်ငံရေးလုပ်စားသူများနဲ့ ပူးပေါင်းကာ ပြည်သူလူထုကို ခုတုံးလုပ်ပြီး စီးပွားရှာတယ်။ တချို့သော ရာထူးတာဝန်ရှိသူတွေဟာလည်း နေမျိုးဇင်လိုပါပဲ။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ကို အများပြည်သူကောင်းကျိုးဖြစ်ဖို့ အသုံးမချဘဲ ကိုယ်ကျိုးစီးပွားရှာကြတာလည်း နေမျိုးဇင်လို လူစားတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အများပြည်သူကို ကောင်းကျိုးပြုလိုသူများဖြစ်ခဲ့မယ်ဆိုရင်ဖြင့် ပြည်သူလူထုကို အသုံးချပြီး ပြည်ဖျက်မိစ္ဆာ အမျိုးယုတ်သစ္စာဖောက်တွေလိုတော့ မယုတ်မာသင့်ဘူးလို့ ဆိုချင်ပါတယ်။

အခုလိုတွေ ရေးသားပြဆိုနေခြင်းက ပြည်သူများဟာ NLD ဆိုတာနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့စိတ်နဲ့ မျက်စိစုံမှိတ်ပြီး အားပေးကြတယ်။ နေမျိုးဇင်၊ ညီညီ အစရှိသော နိုင်ငံရေးလုပ်စားလိုသူများဟာ ဒေါ်စု ခေါင်းစဉ်အောက်ကို ဝင်ပြီး ကိုယ်ကျိုးရှာကြတာကိုလည်း သိထားကြရင် အမျိုးယုတ် သစ္စာဖောက်တွေရဲ့ လုပ်ကြံဖန်တီး သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ ဘဝတွေ မပျက်စီးရလေအောင် ဆင်ခြင်တွေးဆနိုင်စေဖို့ ဖြစ်ပါတယ်။


ဒေါင်းနင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)