ပေါင်မြို့နယ်၌နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဆီထွက်သီးနှံ (မြေပဲ၊နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဆီထွက်သီးနှံ (မြေပဲ၊နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားပြုလုပ်






MNP ၊     ဖေဖော်ဝါရီ       ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌နိုင်ငံစီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့်ဆီထွက်သီးနှံ (မြေပဲ၊နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကိုယနေ့ မွန်းလွဲ ( ၂ )နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင် က  နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်မည့်  ဆီထွက်သီးနှံ (မြေပဲ၊နေကြာ) စီမံကိန်း စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် အတွက် သွင်းအားစုများကို  မြေပဲနှင့်‌နေကြာစိုက် တောင်သူများကိုပေးအပ်ခဲ့သည့်အတွက် ရာနှုန်းပြည့်မီအောင် စိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းအေး က  စိုက်ပျိုးရေးနှင့်သမဝါယမ အတူဖြစ်သည့်အတွက်  သမဝါယမဦးစီးဌာနအနေဖြင့်  မိုးစပါးစိုက်ပျိုးရေးအတွက် ကျုံဟော်ကျေးရွာ ထွန်းသစ်ရွှေဝါ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တွင် အသင်းသား ( ၁၁ )ဦး၏လယ်ဧက ( ၁၃၀ ) အတွက် သွင်းအားစုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့သွင်းအားစုဆောင်ရွက်ရာတွင် မြေပဲစိုက်တောင်သူ မှော်ဘီကျေးရွာ ဧက ( ၅၀ ) ဇဧနှင့် မုတ္တမ-ကျွဲခြံကျေးရွာ ( ၅၀ )ဧက တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ( ၃ )သိန်း နှုန်းဖြင့်ညီမျှသော

သွင်းအားစုများအားလည်းကောင်း၊ နေကြာသီးနှံတစ်ဧကလျှင် ကျပ် ( ၂ ) သိန်းကျပ်နှုန်းဖြင့် ညီမျှသောသွင်းအားစုများအား  သပြေကုန်းကျေးရွာ ( ၈၆ ) ဧက ၊ သဲကုန်းကျေး ရွာ ( ၁၀၀ ) ဧက ၊ ထန်းပင်ချောင်းလေးကျေးရွာ  ( ၈၀ ) ဧက၊ အလှပ်ကျေးရွာ  ( ၂၀ )  ဧက  စုစုပေါင်း ငွေကျပ် သိန်း ( ၈၇၂ ) သိန်းနှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)