ပေါင်မြို့နယ်၌ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်၌ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးလျက်ရှိ

%E1%81%81%E1%81%80

%E1%81%81%E1%81%81

%E1%81%81%E1%81%82

  

MNP ၊    ဖေဖော်ဝါရီ        ၁၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့်အမဲသားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၂၅၀၀)ကျပ်၊ဆီတစ်ပိသာ(၅၈၀၀)ကျပ်၊ကြက်ဥ(၅)လုံး (၁၂၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်း၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများကသက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages