မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန် ပန္နက်တော်တင် တွင်းတော်ဝန်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန် ပန္နက်တော်တင် တွင်းတော်ဝန်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ  အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက်   ပန္နက်တော်တင် တွင်းတော်ဝန်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် စာသင်ဆောင်ဝင်းအတွင်း၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယအဓိပတိ သန်လျင်မင်းကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံ အသီးသီးမှ သင်တန်းသားကိုယ်စားလှယ်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။          

ဦးစွာ  မဟာမင်္ဂလာ အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များမှ ရွတ်ပွားသရဇ္စျာယ်ချီးမြင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။                                                                  

ဆက်လက်၍ ဥပါသကာများ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများနှင့်ပန္နက်တော် တင်တွင်းတော်ဝန်း ပစ္စည်းများအား ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်မည့်  မြေဧရိယာပရိဝုဏ်၌ အရှေ့မြောက်အရပ်မှ စ၍ လက်ယာရစ် ပက်ဖျန်း ချည်နှောင်ထားရှိပေးသည်။ ယင်းနောက် ကြွရောက်တော်မူကြသော  ဆရာတော်၊ သံဃာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းအစုစုတို့အတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယအဓိပတိ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက ရေစက်သွန်းချ အမျှပေးဝေ ချီးမြှင့် တော်မူသည်။               

ယင်းနောက် ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပန္နက်တော်များအား အမွှေး နံ့သာရည်များ ပက်ဖျန်းခြင်းနှင့် ဆရာတော်၊ သံဃာတော်များက ဇယစက္ကော အောင်ဂါထာတော်အား ရွတ်ဖတ် ပူဇော်ချီးမြှင့်ပြီး အောင်စည်တော် ကိုးချက် တီးကာ ခရုသင်း ကိုးကြိမ်မှုတ်၍ ပူဇော်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး   ကြွရောက် တော်မူကြသည့် ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)