မိုင်းဖြတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းဖြတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ



3

4

MNP ၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသည့် ကျောင်းသား၊ ကျောင်းသူများ  ပေါ်ထွန်းလာစေရန်နှင့် အသိပညာဗဟုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က   အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်ဟူသည့် အဓိပ္ပာယ်၊ လူငယ်များသည် အရာရာကို စူးစမ်းလိုစိတ်ရှိကြောင်း၊ ကောင်သည့်အမှုအကျင့်နှင့် ကောင်းသော စာရိတ္တများသည် လူဘဝဖြတ်သန်းရာတစ်လျှောက် သမိုင်းမှတ်တိုင်းတစ်ခုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း သိကောင်းစရာများ၊ မကြာမီရောက်ရှိလာတော့မည့် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းနှင့် ဝန်ထမ်းများက  ရှင်းလင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost









No comments:

Post a Comment

Donate and Support

Pages