ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်


 

ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်


ရက်စွဲ။  ။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ က ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်စေရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီးနောက် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလှုံ့ဆော်သူများနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုများကြောင့် ပြည်သူများကြားတွင် စိုးရိမ်မှုမြင့်တက်လာခဲ့ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအား သေချာစွာလေ့လာခြင်းမရှိဘဲ ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံဖန်တီးပြောဆိုမှုများအပေါ် နားယောင်၍ ယခုကဲ့သို့ စိုးရိမ်မှုများ ဖြစ်ပေါ်နေရသည်ကို သတိပြုမိပါသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခြေအနေများ၊ ကျင့်သုံးရခြင်း ရည်ရွယ်ချက်များကို နိုင်ငံတော်အဆင့် တာဝန်ရှိသူက အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်များကိုလည်း မှတ်သားရပါသည်။ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်ကိုလည်း ကြိုဆိုထောက်ခံပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လေ့လာမည်ဆိုပါက စိုးရိမ်သောကဖြစ်စေလောက်သော ပြဋ္ဌာန်းချက်များ ပါဝင်ခြင်းမရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ စစ်မှုထမ်းဥပဒေမှ ကင်းလင်းလွတ်ခွင့်ပြုသင့်သည်များကို ကင်းလွတ်ခွင့်ပေးထားသည်လည်း ရှိသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်များအရ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုသည့် လုပ်ငန်းများ လုပ်ဆောင်နေလျင် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်နှင့် စစ်မှုထမ်းကာလ လျော့ပေါ့ပေးရန် တင်ပြနိုင်သည်ကို တွေ့ရှိရပေလိမ့်မည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေကို ထောက်ရှု၍ မိမိတို့တိုင်းပြည်ကို ရေရှည်တည်တံ့စေလိုပါက ပိုမိုစည်းလုံးညီညွတ်မှုရှိရန် လိုအပ်လျက်ရှိသည်ကို ယနေ့အချိန်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအခြေအနေများကို ထောက်ရှုဆင်ခြင်၍ သိမြင်နိုင်ပေမည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အတူတကွ ကာကွယ်ရေး၊ လုံခြုံရေး အသိပညာ၊ အတတ်ပညာများ သင်ကြားခွင့်ရပေမည်။ ပိုမိုချစ်ခင်ရင်းနှီး၍ ယနေ့တိုင်းပြည်တွင်း ဖြစ်ပေါ်လျက်ရှိသော တိုင်းရင်းသားပြည်သူအချင်းချင်းကြား စိတ်ဝမ်းကွဲပြားကာ ရန်လိုအမုန်းပွားမှုများကို တားဆီးပေးနိုင်လိမ့်မည်ဟု ရှုမြင်ပါသည်။

မိဘပြည်သူများ၊ လူငယ် လူရွယ်များအနေဖြင့် သေချာစွာ လေ့လာကြည့်ပါက စိုးရိမ်သောက ဖြစ်စေလောက်သည့် ပြဋ္ဌာန်းများ ပါဝင်ခြင်းမရှိဘဲ အနာဂတ်တွင် လူငယ်လူရွယ်များ တတ်သိနားလည်ထားသင့်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများ သင်ကြားခွင့် ရမည့် ဥပဒေဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့အနေဖြင့် ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်လိုက်သည်။


မြန်မာ့အမျိုးသားရေးကွန်ရက်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)