မွန်ပြည်နယ်ဝန်ကြီးချုပ် မြို့ဝန်ကြီးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ ဆွမ်းသပိတ်၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်ဆက်ကပ်လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်ဝန်ကြီးချုပ် မြို့ဝန်ကြီးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ ဆွမ်းသပိတ်၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့်ဆက်ကပ်လှူဒါန်း

019

020

021


ပေါင်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့ အမှတ် (၁၀၂) ခြေမြန်တပ်ရင်းတွင် ရှေးသူတော်ကောင်းများ တည်ထားပူဇော်ခဲ့သော မြို့ဝန်ကြီးစေတီတော်မြတ် (ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာ) ၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် ရောင်တော်ဖွင့် ဆေးသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းအစုစု ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ “မြို့ဝန်ကြီးစေတီတော်မြတ်" ရင်ပြင်တော်၌ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးအား ဆွမ်းသပိတ်၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

ထို့နောက် မြို့ဝန်ကြီးစေတီတော်မြတ် ဗုဒ္ဓါဘိသေကအနောကဇာတင်နှင့် ရောင်တော်ဖွင့်ဘက်စုံ မွမ်းမံခြင်းကုသိုလ်တော်အစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ကြွရောက်တော်မူလာကြကုန်‌သော ဆရာ‌တော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုးကန်တော့ပြီး မော်လမြိုင်မြို့ မြစေတီရဲကျောင်းပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဝိနယပါဠိပါရဂူအဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့မှ မြို့ဝန်ကြီး စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာပြုလုပ်ပူဇော်ကြကာ မြ‌စေတီရဲကျောင်း ဆရာတော်ကြီးထံမှ သီလတော်မြတ် ခံယူ‌ဆောက်တည်ကြပြီး ဆရာတော်ကြီးများ၏ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်မှုကို နာယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်တို့က ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မြစေတီရဲကျောင်း ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက ဝိနယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိမလဗုဒ္ဓိဆရာတော်ကြီးထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မွန်မလေး 

#News

No comments:

Post a Comment

Donate and Support

Pages