ဖြူးမြို့ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထားကြောင်း သိရ



ဖြူးမြို့၊ ဖေဖော်ဝါရီ ၂၈

ဖြူးမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ဗထူး(၆)လမ်းတွင်နေထိုင်သူ ခြူးခက်နွယ် ဆိုသူ အမျိုးသမီး တစ်ဦးကို မွတ်စလင်အမျိုးသားတစ်ဦးက ယမန်နေ့ နေ့လည် (၂ ၀၀)နာရီ ဝန်းကျင်ခန့်က လည်လှီးသတ်ဖြတ်သွားသော ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံတစ်ဦးထံမှ သိရပြီး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ပဲခူးတိုင်းဒေသကြီးအစိုးရမှ တရားခံများကို အရေးယူဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားထားသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရမှ ပြန်လည်ဖြေကြားရာတွင် "၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နေ့လည် ၂နာရီအချိန်၊ ဖြူးမြို့၊ ဆေးရုံရပ်နေ အောင်မြတ်သူ နှင့် ဗထူးလမ်း၊ သိမ်ကုန်းရပ်နေ မပိုးဥ(ခ) ခြူးခက်နွယ်တို့သည် လူငယ်သဘာဝတွေ့ကြရင်း စကားများရန်ဖြစ်ကြရာ အောင်မြတ်သူက ကြက်သွန်လှီးဓားဖြင့် ထိုးသဖြင့် ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအပေါ် ဖြူးရဲစခန်း (ပ)၄၅/၂၀၂၄ ပုဒ်မ၃၀၂/၁၁၄ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း" ပြန်လည်ဖြေကြားထားသည်။

မြန်မာနေရှင်နယ်ပို့စ်မှ သိရသောအချက်အလက်များအရ အောင်မြတ်သူ ၏ အခြားအမည်မှာ ဇိုဗိုက် ဖြစ်ပြီး မွတ်စလင်မိသားစုဝင်များဖြစ်ကြောင်း၊ သူ၏ မိဘများမှာ မရှိတော့ဘဲ အဒေါ်ဖြစ်သူနှင့် နေထိုင်သူဖြစ်ကြောင်း၊ မှတ်ပုံတင်တွင် ဗမာ/ဗုဒ္ဓ ဟု ဖော်ပြထားသည်ကို တွေ့ရကြောင်း မြို့ခံက ဆက်သွယ်ပြောဆိုသည်။

မြို့ခံတစ်ဦးက "သူတို့က လဝကမှာကြတော့ မှတ်ပုံတင်အလွယ်တကူရအောင် လိမ်လည်ပြီး မှတ်ပုံတင်ရယူတာတွေ ရှိပါတယ်။ သူက မွတ်စလင်ပါ။ ကျွန်တော်တို့ အသေအချာ စုံစမ်းပြီးပါပြီ။ ကုလားတန်းထဲကပါပဲ။ ကောင်မလေးက လာအိုကို သွားဖို့ စီစဉ်နေတာ။ အဲဒီ မွတ်စလင်ကောင်နဲ့ ကြိုက်နေတာလို့ သိရတယ်။ ဘယ်လိုကြောင့် အခုလို ရက်ရက်စက်စက် လုပ်လိုက်လဲတော့ မသိရဘူး။ ဒီကောင်တွေက အဖမ်းခံရပြီးတာတောင် စောက်ဂရုမစိုက်တဲ့ ပုံစံမျိုး ဂျွတ်ဆတ်ဆတ်တွေ၊ ကောင်မလေးကလည်း ကြိုက်စရာရှားလို့ဗျာ။" ဟု ပြောသည်။

တစ်လမ်းထဲနေ အမျိုးသားတစ်ဦးက "ကျွန်တော်တို့ ညီမလေးလိုနေတာဗျာ။ ကျွန်တော်တို့ လက်ပေါ်မှာတင် ကြီးပြင်းလာတာ။ အသက်မီမလားလို့ ပြေးသေးတယ်။ ကျွန်တော် ယောက်ျားတန်မဲ့ မျက်ရည်တောင် ကျမိပါတယ်။" ဟု ပြောသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)