ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဖေဖော်ဝါရီ ၂၃

စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ အမှတ်(၅)အထည်စက်ရုံ(ပခုက္ကူ)နှင့် အမှတ် (၁၁) အထည်စက်ရုံ (ပခုက္ကူ)များသို့ရောက်ရှိပြီး စက်ရုံမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံများရှိ ချွတ်ယွင်းနေသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် အမြန်ဆုံးပြုပြင်သွားရန်၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ လာမည့်ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစက်အရန်ပစ္စည်းများကိုလည်း ဝယ်ယူ ဖြည့်တင်းရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင် ရွက်ပေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုလျာထားချက် ပြည့်မီရေးအတွက် ရေးဆွဲထားရှိသည့် စီမံချက်များအတိုင်း တိတိကျကျလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအပ်နှံဆောင်ရွက်ထားသည့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးကြပ်မတ်ဆောင် ရွက်ရန်နှင့်စက်ရုံ၌ တပ်ဆင်ပြီးစီးသည့် စက်ပစ္စည်းကိရိယာများ၊ စီမံကိန်းဝင်စက်ပစ္စည်း ကိရိယာများပျက်စီးဆုံးရှုံးမှုမရှိစေရေးအလေးထားဆောင်ရွက်ရန်၊ ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျသုံးစွဲသွားရန်မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ယာဉ်အို၊ ယာဉ်ဟောင်းမှထွက်ရှိသည့် အင်ဂျင်ပျက်များ၏ အစိတ်အပိုင်းများကို စုစည်းထုပ်ပိုးနေမှုအခြေအနေနှင့် လေးထောင့်တုံးသံမဏိပြားများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)