ပုလဲမြို့နယ်မှာ တပ်မတော် စစ်ကြောင်းကြောင့် ရှင်ပြုအလှူပျက်ပြီး ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရ ဟု ပြည်ပြေး ဝရမ်းပြေးများက လုပ်ကြံဖန်တီးရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလဲမြို့နယ်မှာ တပ်မတော် စစ်ကြောင်းကြောင့် ရှင်ပြုအလှူပျက်ပြီး ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရ ဟု ပြည်ပြေး ဝရမ်းပြေးများက လုပ်ကြံဖန်တီးရေးသားဖော်ပြ




ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာမှာ တပ်မတော် စစ်ကြောင်းကြောင့် ပြုလုပ်နေတဲ့ သားရှင်ပြုအလှူတစ်ခုပျက်စီးခဲ့ရပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ ပြည်ပြေး ဝရမ်းပြေး အကြမ်းလက်လှုံ့ဆော်သူများက facebook လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေထားပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက "အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းက ကြောင်သန်းကျေးရွာကို ဖေဖော်ဝါရီလ ၂၁ရက်နေ့ မနက် ၈နာရီ ဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာတာကြောင့် သားရှင်ပြု၊ သမီးနားသ အလှုတော် မဂ်လာပွဲ ရုတ်ရုတ်သဲသဲဖြစ်ပြီး အလှူ့ဒါယိကာ၊ အလှူ့ဒါယိကာမတွေ ရှင်လောင်းဆံချ၊ ရေစက်ချ တရားနာ မပြုလုပ်ရပဲ အားလုံးထွက်ပြေးတမ်းရှောင်လိုက်ရတယ်လို့ လုပ်ကြံဖန်တီးရေးသား ဖော်ပြထားခြင်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများကို တပ်မတော်က နှိမ်နင်းဆောင်ရွက်လျက်ရှိသော်လည်း အများပြည်သူကို ထိခိုက်စေမည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိဘဲ PDF အကြမ်းဖက်စခန်းများကို ရှင်းလင်းဖယ်ရှားခြင်း၊ PDF အကြမ်းဖက်သမားများက အများပြည်သူ ထိခိုက်စေရန် ထောင်ထားသည့် မိုင်းများကို ရှင်းလင်းခြင်းများ လိုက်လံဆောင်ရွက်လျက်ရှိပြီး PDF အကြမ်းဖက်သမားများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရသည့် အခြေအနေများလည်း ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)