ဟားပေါက်ငါးယောက်နှင့် တွေ့ဆုံခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားပေါက်ငါးယောက်နှင့် တွေ့ဆုံခြင်း

 









ကျွန်တော်တို့ အဖွဲ့ထဲက ကိုစည်သူမြင့် က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၂၅ရက်ကွက်မှာ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ပေးနေပါတယ်။ ကထိန်ပွဲ၊ လွတ်လပ်ရေးပွဲ၊ ပြည်ထောင်စုနေ့အခမ်းအနားတွေကို သူစတင် တာဝန်ယူဆောင်ရွက်စဉ်ကစလို့ ရပ်ကွက်နေပြည်သူများနဲ့ ပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကထိန်ကာလက ၂၅ ရပ်ကွက်ရဲ့ ကထိန်အလှူတော်မှာ သိန်းပေါင်း (၁၄၀)ကျော်အထိ လှူဒါန်းနိုင်ခဲ့တယ်။ သူရဲ့ ဦးဆောင်မှုနဲ့ ရပ်ကွက်နေပြည်သူများရဲ့ ပူးပေါင်းပါဝင်လှူဒါန်းမှုကြောင့် တိပိဋကနိကာယ်စာသင်တိုက်မှ ဆရာတော်ကြီးကို အမှူးထားပြီး လှူဒါန်းနိုင်ခဲ့ပါတယ်။

သူနဲ့လည်း မတွေ့တာကြာပြီဖြစ်သလို သူကျင်းပတဲ့ အခမ်းအနားတွေမှာ ဖျော်ဖြေရေးကဏ္ဍကို အားဖြည့်ပေးနေတာက ကိုသော်သော် ဦးဆောင်သော ဟားပေါက်ငါးယောက်အဖွဲ့ ပါ။ ဟားပေါက်ငါးယောက်အဖွဲ့ဟာ ပြည်သူများ ပြုံးပျော်ရွှင်မြူးစေဖို့ ဟာသတွေနဲ့ ဖျော်ဖြေသလို ပညာပေးတစ်ခန်းရပ်ပြဇာတ်လေးတွေ တင်ဆက်ရာမှာလည်း ကြည့်ရှုအားပေးကြသူ မိဘပြည်သူများရဲ့ ရင်ထဲနှလုံးသားထဲကို ရောက်ရှိပြီး မျက်ရည်ကျရသည်အထိ ပီပြင်စွာ တင်ဆက်နိုင်တာကို တွေ့ရပါတယ်။ ဟားပေါက်ငါးယောက်ရဲ့ ဖျော်ဖြေတင်ဆက်မှုလေးတွေ ကိုစည်သူထံက ရုပ်သံလေးတွေရလို့ ကြည့်ရတဲ့အခါ ပညာသားပါပါ ထိထိမိမိတင်ဆက်နိုင်တာ တွေ့မြင်ခံစားရပါတယ်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုလည်း စည်စည်ကားကား ကျင်းပနိုင်ဖို့ စီစဉ်ထားကြောင်း ကိုစည်သူက ပြောပါတယ်။ လာစေချင်တဲ့အကြောင်းလည်း တဖွဖွပြောတဲ့အတွက် သွားရောက်ဖြစ်ခဲ့ပါတယ်။ နံနက်ပိုင်းမှာ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြီး ဟားပေါက်ငါးယောက်အဖွဲ့ ဦးဆောင်သူ ကိုသော်သော်၊ ကိုပေါက်ပေါက် တို့နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

သူတို့ကိုယ်တိုင် ဒီလမ်းကြောင်းပေါ်ရောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြရသူတွေ ဖြစ်တယ်။ သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ လူငယ်တွေကို အသိပညာပေးချင်တယ်။ အတွေးမှား အမြင်မှားတွေ မဖြစ်စေချင်ဘူး။ မိဘပြည်သူများ အတိဒုက္ခရောက်စေမယ့် လှုံ့ဆော်မှုတွေ မလုပ်စေချင်ဘူး။ ဒီကာလမှ ဖျော်ဖြေရေးလုပ်ဖို့ အခက်အခဲတွေ ရှိနေတဲ့ကြားက ကိုစည်သူနဲ့ လက်တွဲပြီး လွတ်လပ်ရေးနေ့ပွဲ၊ ကျောင်းသားစုံညီပွဲ၊ ပြည်ထောင်စုနေ့ပွဲတွေမှာ ဖျော်ဖြေရေးလုပ်ငန်းလေးတွေ ပြန်လည် လုပ်ဆောင်လာနိုင်တဲ့ အခြေအနေကိုလည်း ပြောပြပါတယ်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ညပိုင်း ဖျော်ဖြေရေးမှာတော့ ဟားပေါက်ငါးယောက်နဲ့အတူ ဦးငြိမ်းချမ်း ပါ ဧည့်သည်တော် အနေနဲ့ လာရောက်ဖျော်ဖြေပေးတာကို တွေ့မြင်ရပါတယ်။ ဦးငြိမ်းချမ်းက ဦးဆောင်ပြီး မိဘပြည်သူများ ရယ်မောပျော်ရွှင်စေမယ့် ဟာသပျက်လုံးတွေနဲ့ တင်ဆက်သလို မိဘကျေးဇူး အထူးသိတတ်ဖို့ အမေကို ဂုဏ်ပြုတဲ့သီချင်း၊ အဖေကို ဂုဏ်ပြုတဲ့သီချင်းများနဲ့ ဦးငြိမ်းချမ်းက ဖျော်ဖြေပေးသွားခဲ့ပါတယ်။

ဟားပေါက် ငါးယောက် ၏ ဖျော်ဖြေတင်ဆက်မှုများမှာ အဖွဲ့ထဲက ပင်တိုင်စံ မင်းသမီးတွေနဲ့အတူ သီးခြားဖိတ်ထားတဲ့ မင်းသမီးတွေနဲ့ ဟာသ၊ မျက်လှည့်၊ ပြဇာတ်၊ အငြိမ့်တွေနဲ့ တင်ဆက်သွားတာကို တွေ့မြင်လိုက်ရပါတယ်။ အဲဒီ ညက တင်ဆက်တဲ့ တခန်းရပ် ပြဇာတ်မှာလည်း မိဘကျေးဇူးကိုပဲ ဖော်ကျူးတင်ဆက်သွားတာကို တွေ့မြင်ခံစားခဲ့ရပါတယ်။ ဟားပေါက်ငါးယောက်အဖွဲ့ မှာဆိုရင် သော်သော်၊ ပေါက်ပေါက်၊ နောက်တိုး၊ ပျော်ပျော်၊ KB - ဇော်နိုင် တို့ ပါဝင်ပြီး မော်ဒယ်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။

သူတို့တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်သိကျွမ်းခြင်းလည်း မရှိပါဘူး။ အခုမှသာ ကိုစည်သူနဲ့ ဆက်စပ်လို့ သိကျွမ်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အနုပညာအပေါ်မှာ သူတို့တွေ သစ္စာထားတယ်။ အနုပညာကို ခုတုံးလုပ်ပြီး အများပြည်သူကို လမ်းမှားပေါ် တွန်းပို့လိုခြင်း အလျဉ်းမရှိတဲ့ သူတို့ရဲ့ စိတ်ဓာတ်ကိုလည်း မေးမြန်းဆွေးနွေးရာမှ သိရှိခွင့်ရခဲ့ပါတယ်။

ပွဲလမ်းသဘင်တွေ ရှားပါးလာတဲ့အတွက် ရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်နေကြရတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ မိဘပြည်သူများနဲ့ လူငယ်များကို ပြုံးပျော်ရွှင်မြူးစေဖို့၊ အနုပညာနဲ့ ပညာပေးရာမှ ပီပြင်တဲ့ ဟားပေါက်ငါးယောက်ရဲ့ စိတ်ဓာတ်နဲ့ ဆောင်ရွက်ချက်ကိုတော့ လေးစားဂုဏ်ပြုမိပါကြောင်း . . .


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)