ဆင်ပေါင်ဝဲမြို့၌ တစ်ပိုင်တစ်နိုင် ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဆင်ပေါင်ဝဲမြို့၌ တစ်ပိုင်တစ်နိုင် ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

%E1%81%81%E1%81%83




MNP ၊ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မိသားစုစားဝတ်နေရေးဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင်ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိကြောင်း သိရသည်။

ပြောင်းအမျိုးစားထဲမှ ဒေသအခေါ်အဝေါ် ပြောင်းဝါနှင့် ပြောင်းနီသည် လူကြိုက်များသည့်အတွက် ၎င်းတို့ကို အဓိက ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း လက်ရှိပြောင်းဖူးတစ်ဖူးကို (၄၀၀) ကျပ်ရရှိပြီး ဒီထက်စျေးပိုရရှိလျှင် တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားဖို့ရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းကို အများအားဖြင့် ဇွန်လတွင် စိုက်ပျိုးကြသော်လည်း ဆောင်းရာသီတွင် တစ်ပိုင်တစ်နိုင် ရေလောင်းစိုက်ပျိုးခြင်းဖြင့် ဖြစ်ထွန်းလျက်ရှိပြီး လတ်တလောစားဝတ်နေရေးအတွက် အပိုဝင်ငွေတစ်ခုဖြစ်ကြောင်း သိရှိရသည်။


ခန့်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages