မြန်မာနိုင်ငံ၏ မိုခါဆိုင်ကလုန်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖိလစ်ပိုင်အစိုးရမှ အကူအညီပေးအပ်သည့်အခမ်းအနားသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၏ မိုခါဆိုင်ကလုန်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖိလစ်ပိုင်အစိုးရမှ အကူအညီပေးအပ်သည့်အခမ်းအနားသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်





MNP ၊ ဖေဖော်ဝါရီ ၈

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် သည် မြန်မာနိုင်ငံ၏ မိုခါဆိုင်ကလုန်းမုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖိလစ်ပိုင်အစိုးရမှ အမေရိကန်ဒေါ်လာ(၁)သိန်း လှူဒါန်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။

အလှူငွေလွှဲပြောင်းပေးအပ်မှု အခမ်းအနားကို ၆-၂-၂၀၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ ဖိလစ်ပိုင်အစိုးရကိုယ်စား အာဆီယံဆိုင်ရာ ဖိလစ်ပိုင်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Hjayceelyn M. Quintana က လွှဲပြောင်းပေးအပ်ခဲ့ပြီး အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး (SG-AHAC) အဖြစ် အာဆီယံအတွင်းရေးမှူးချုပ်က လှူဒါန်းမှုကို လက်ခံခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က “တစ်ခုတည်းသောအာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှု” ဟူသော သန္နိဋ္ဌါန်နှင့်အညီ မြန်မာနိုင်ငံနှင့် တစ်သားတည်းရပ်တည်လျက် အကူအညီပေးအပ်မှုအတွက် မြန်မာပြည်သူများကိုယ်စား ဖိလစ်ပိုင်အစိုးရနှင့် ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံဆိုင်ရာ ဖိလစ်ပိုင်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)