အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကျင်းပ

 





 MNP ၊ ဖေဖော်ဝါရီ ၂၃

 ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌  ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လည် အချိန်က စာပေချစ်မြတ် နိုးသူလူငယ်များအားရှင်လင်းပြသခဲ့ သည်။

  နံရံကပ်စာစောင် အသိပညာပေးပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအ ရာရှိ ဦးစန်းဝင်း က ကျောင်းသားကျောင်းသူ လူငယ်များအားကာယ၊ ဉာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂ စ​သောဗလငါးတန်ဖွံ့ဖြိုးလာ စေရန်နှင့်

လူငယ်များအကြောင်းအမျိုးမျိုးကြောင့် ကလေးအလုပ်သမား အဖြစ်ခိုင်းစေ

ခံရပါက သိရှိထားနိုင်ရန်ရည်ရွယ်၍ ပြန် ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအ တွက်အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေး သူငယ်များ လုပ်ငန်းခွင် များ၌​ မြင်တွေ့လာခဲ့ကြ၍ ခုလို ကလေးအလုပ်သမားပပျောက်စေရေးအတွက် ကလေးအလုပ် သမား အသိပညာပေးအစီအစဥ်များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကလေးအလုပ် သမားနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ ၏ အသက်အရွယ်ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအ လုပ်သမားပပျောက်ရေးရည် မှန်းချက်၊ အလုပ်ရှင်များ အတွက်က လေးသူငယ်အခွင့်အရေးဆိုင် ရာမူများ၊  ကလေးသူငယ်ဥပဒေတို့ကို လူငယ်တိုင်းသိရှိထားသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

  ဆက်လက်ပြီး စာပေမြတ်နိုးသူလူငယ်များက ကလေးအလုပ် သမားပပျောက်ရေး အသိပညာ ပေး နံရံကပ်စာစောင်အား စိတ်ပါ၀င်စားစွာလေ့လာ ကြည့်ရှု

၍သိရှိလိုသည်များအားရှင်လင်း ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)