အဆင့်မြင့်သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆင့်မြင့်သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ



နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် သံရုံးယာယီတာဝန်ခံ၊ သံရုံးဒုတိယအကြီးအကဲများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တွဲဖက်တာဝန်ပေးစေလွှတ်ရန် လျာထားသည့် အရာထမ်းများအတွက် အဆင့်မြင့်သံတမန်ရေးရာသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတက်ရောက်၍ သင်တန်းဆင်းပွဲ အမှာစကားပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး ဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။


သင်တန်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေများ၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့် ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ ကောင်စစ်ရေးရာကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များ၊ အလုပ်သမားရေးရာဆိုင်ရာ ကိစ္စရပ်များအပြင် ယဉ်ကျေးမှုနှင့်မီဒီယာစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသင်ကြားပို့ချခဲ့သည်။


အဆင့်မြင့် သံတမန်ရေးရာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ဇန်နဝါရီ ၁၅ ရက် မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ  သောကြာနေ့အထိ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ ရက်သတ္တခြောက်ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ကြသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)