ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်


%E1%81%81%E1%81%83


MNP  ၊   ဖေဖော်ဝါရီလ   ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ယနေ့မျက်မှောက်ခေတ်တွင် သတင်းအချက်အလက်နှင့် နည်းပညာများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်ဝန်ထမ်းများအနေဖြင့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာများကို သိရှိနားလည်ထားကြရမည်ဖြစ်ကြောင်း၊ယခုဆောင်ရွက်သည့် စာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သည့် အချက်များအား သိရှိကြစေရေး ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ထမ်းများမှ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုစာအုပ်ပါ သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုနှင့် သတင်းအချက်အလက်ဆိုသည်မှာအကြောင်း အရာများဖြင့်  စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဂွမြို့နယ်ရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဝန်ထမ်းများစာဖတ်ဝိုင်းအား တစ်လလျှင်နှစ်ကြိမ်  ဆောင်ရွက်ပေးလျက်ရှိပါသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages