ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၂၅ ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

033

035

036

039-01

039-02

039-03

039


MNP ၊ ဖေဖော်ဝါရီ ၂၃

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ ရပ်ကွက်နေပြည်သူများ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမှတ် ၂၅ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစည်သူမြင့်က "ဒီဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ကောလဟာလ သတင်းတွေ အမျိုးမျိုးဖန်တီးရေးသားကြတာတွေ ရှိတယ်။ မိဘပြည်သူတွေ၊ လူငယ်လူရွယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေကြတာတွေ ရှိတယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်တွေ အနှစ်ချုပ် ရှင်းလင်းဆွေးနွေးတယ်။ အများပြည်သူ မေးမြန်းတာလေးတွေကိုလည်း ဖြေကြားပေးတယ်။"ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Pages