မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒသမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒသမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ

%E1%81%81%E1%81%89

MNP ၊ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် တရားတော်နာဧည့်ပရိသတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြပြီး မွေတော်ပရိယတ္တိစာသင်တိုက်အုပ်ဆရာတော်ထံ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များထံ ပရိတ်တရားတော်များ နာကြားတော်မူခဲ့ကြ၍ ပြည်တွင်း၊ ပြည်ပဘွဲ့ရ သံဃာတော်များဖြစ်ကြသော အရှင်စာရိန္ဒ၊ အရှင်အဂ္ဂဉာဏနှင့် အရှင်ပညာသာမိတို့အား ဂုဏ်ပြုအခမ်းအနားသို့ ပင့်ဆောင်၍ သံ‌ဃာတော်(၃)ပါးတို့၏ အတ္ထုပတ္တိအကျဉ်းအား ဖတ်ကြားပူဇော်ခဲ့သည်။

ဆက်လက်၍ ဆရာတော်များက ဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်တော်မူခဲ့ကြပြီး တရားတော်နာဧည့်ပရိသတ်အပေါင်းတို့က သံဃာတော်များအတွက် ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာစုံပြန်လည်ကန်တော့၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


နော်မှိုင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages