သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာခရိုင်အတွင်းရှိ ဦးစီးဌာန (၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာခရိုင်အတွင်းရှိ ဦးစီးဌာန (၄)ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

%E1%81%81%E1%81%80

%E1%81%81%E1%81%81


MNP ၊ ဖေဖော်ဝါရီ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိူရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မိတ္ထီလာခရိုင်အတွင်းရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိူရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနအောက်ရှိ  ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိ ကင်းရှင်းစွာ ဆောင်ရွက်သွားရန်၊ ဝန်ထမ်း သက်သာချောင်ချိရေးကို ဆောင်ရွက်သွားရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ အပြန်အလမ်းလေးစားမှု ယုံကြည်မှုရှိအောင် ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ အခက်အခဲရှိပါက တင်ပြဆောင်ရွက်သွားရန် စသည့်တို့ကို ပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင်အတွင်းရှိ ဦးစီးဌာန (၄)ခုမှ ဝန်ထမ်းများက မိတ်ဆက် ပြောကြားခဲ့ပြီး မိမိတို့၏ အခက်အခဲများ တင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိဂုံးချုပ် အမှာစကား ပြေားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိူရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဝန်ကြီးဌာနအောက်ရှိ  ဦးစီးဌာန(၄)ခုမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ဦးစီးဌာန (၄)ခုမှ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages