ရှေ့တန်းရောက် တပ်မတော်သားများအတွက် ဆရာတော်ဦးဝါသ က စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရှေ့တန်းရောက် တပ်မတော်သားများအတွက် ဆရာတော်ဦးဝါသ က စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့

049

050


MNP ၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်ညီအစ်ကိုများအတွက် လိုအပ်သော ဆေးဝါးများနှင့် စားနပ်ရိက္ခာများကို ဦးဝါသဝ (၅၅၀)ဆရာတော်ဘုရားမှ ဦးဆောင်၍ ကုသိုလ်တော်မှတ်တမ်းအဖြစ် သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စားသောက်ဖွယ်ရာများကို ဆရာတော်၏ ကျောင်းတိုက်တွင် ရှိနေသည့် ဒကာ၊ ဒကာမများက ချက်ပြုတ်ပြင်ဆင်ပြီး အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်ထုတ်များအပါအဝင် ဆေးဝါးများကို ရှေ့တန်းတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများထံ သွားရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်နှင့် ပြည်သူ တသားဖြစ်သည်ဆိုခြင်းမှာ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြရသော တပ်မတော်သားများ၏ နောက်မှ ပြည်သူများက လိုအပ်ရာရာ မိမိတို့တတ်စွမ်းသည်ကို ကူညီဆောက်ရွက်ပေးခြင်းဖြင့် တပ်မတော်သားများကို စိတ်ဓာတ်ခွန်းအားဖြစ်စေသည့်အတွက် မိမိတို့ စွမ်းနိုင်သည့် ကိစ္စမှန်သမျှကို အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages