အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံဆွေးနွေး

013-01

014

015


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအသီးသီးမှ ဥက္ကဋ္ဌများ၊ နိုင်ငံရေးမိတ်ဆွေများ ၂၅-၂-၂၀၂၄ ရက်နေ့က အလွတ်သဘောတွေ့ဆုံပြီး အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ လမ်း/တံတားများ မိုင်းခွဲဖျက်ဆီးမှု၊ စာသင်ကျောင်း၊ လူနေအိမ်များ မီးရှို့ဖျက်ဆီးမှု၊ တာဝါတိုင်များ ဖောက်ခွဲ့ဖျက်ဆီးမှု၊ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များအား မိုင်းခွဲမီးရှို့ဖျက်ဆီးမှု၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးပြန်ပေးဆွဲမှု၊ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးမှုအထောက်အကူပြု အခြေခံ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရမှု၊ ခြိမ်း‌ခြောက်ခံရသော  ပညာရေးကြောင့် လူငယ်များ၏အနာဂတ်ဘဝ ပျက်စီးခဲ့ရမှုတို့အပေါ် နိုင်ငံရေးအမြင်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် နိုင်ငံရေးပါတီ ၁၃ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Pages