ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကွင်းဆင်းကြည့်ရှစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကွင်းဆင်းကြည့်ရှစစ်ဆေး

  




MNP  ၊ ဖေဖော်ဝါရီ -၂

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများသည် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ   ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍  ယမန်နေ့  နေ့လယ်ပိုင်းက  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

   အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ ကြာနီကန်ရပ်ကွက် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်းရှိ စက်မှု ၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီးတာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရွှေတောင်မြို့နယ် ၊ မင်းကွန်းကျေးရွာ အုပ်စု၊ ကွင်းအမှတ် ( ၄၈၆) ၊အိုးထိမ်းကုန်းကွင်းအတွင်းရှိတောင်သူ ဦးမျိုးမင်းသိန်း၏နွေစပါး       ( ထိုင်းကောက်နှံ၊ဗီယက်နမ်ရက်- ၉၀) ဧက ( ၄၀) စာ ပျိုးဗန်းဖြင့် ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်  ( ၄၂၀A၊ ၄၂၀B) အင်ကြင်းစင်ကွင်းအတွင်းရှိ ဧက ( ၁၀၀) စံပြကွက်၌ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ၊ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု ကွင်းအမှတ် ( ၄၀၈)  ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဇောဦး၏ လယ်မြေ( ၈) ဧကတွင် နွေစပါး ( ဆာဖိုးသာ) မျိုးများ လက်ဆွဲကောက်စိုက်စက် ကိရိယာဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် သွင်းအားစုနှင့် စိုက်ပျိုးနည်း စနစ်မှန်ကန်စေရေးများကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း ( ပြန် / ဆက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)