တာချီလိတ်မြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

 




MNP ၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မူးယစ်ဆေးဖြတ် စခန်း(မိုင်းကိုး)တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်က အင်တာနက်လိုင်းများပေါ်တွင် သတင်းတု၊ သတင်းမှား၊ မဖွယ်မရာများတင်ခြင်းနှင့်စပ်လျဉ်း၍ အကျယ်တဝံ့ ရှင်းလင်းဟောပြောပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ဟောင်လိတ်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး အေးထွန်းသိန်းက မူးယစ်ဆေးဝါးအန္တရာယ် ဆောင်ရန်ရှောင်ရန်အချက်များအား ရှင်းလင်းဟောပြောခြင်း၊ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ်ငြိမ်းချမ်းမင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲခံစားရမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကြိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် မူးယစ်ဆေးဖြတ်စခန်းတွင် စနစ်တကျ ဆေးကုသမှုခံယူနေကြသော အမျိုးသား ၅၂ ဦး အမျိုးသမီး ၈ ဦး စုစုပေါင်း ၆၀ ဦးတို့နှင့် တာဝန်ရှိသူများအတွက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး ဇော်လင်းအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက စားနပ်ရိက္ခာများဖြစ်သော ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်များအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးဖြတ်စခန်း တာဝန်ခံဦးယားပါမှ လက်ခံရယူခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)